Meeting with MYEA and Confederation of Indian Industry (CII)

August 15th, 2018

ယနေ့ Aug 15, 2018 ရက်နေ့တွင် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း (MYEA) မှတာဝန်ရှိသူများနှင့် Confederation of Indian Industry(CII) အဖွဲ့တို့ တွေ့ဆုံ၍ နှစ်ဦးနှစ်ဖက် ပူးပေါင်းဆာင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များအတွက် ဆွေးနွေးခဲ့ကြပါသည်။

MYEA – IR Committee နှင့် Hong Kong Chamber တို့ တွေ့ဆုံဆွေးနွေး

August 13th, 2018

Aug 13 ရက်နေ့တွင် MYEA – IR Committee နှင့် Hong Kong Chamber တို့ တွေ့ဆုံ၍ Hong Kong Excursion trip နှင့် Myanmar Investment Forum ကျင်းပပြုလုပ်နိုင်ရန်အတွက် ဆောင်ရွက်ရန်ရှိသည်များ ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းနှင့် တွေ့ဆုံ ဂါရဝပြု

August 8th, 2018

8th Aug 2018 ရက်နေ့တွင် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း (MYEA) မှ ဥက္ကဌ ဦးထွန်းထွန်းနိုင် ဦးဆောင်သောအဖွဲ့သည် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးစိုးဝင်းနှင့် နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဂါရဝပြုခဲ့ပြီး MYEA ၏ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအတွက် လမ်းညွှန်မှု နှင့် သြဝါဒ ခံယူခဲ့ကြပါသည်။

AGM အတွက် အထူးကျေးဇူးတင်ဂုဏ်ပြုလွှာ

February 7th, 2017

မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း (MYEA) ၏ စတုတ္တအကြိမ်မြောက် သင်းလုံးကျွတ်နှစ်ပတ်လည်အစည်းအဝေးနှင့် မိတ်ဆုံစားပွဲ (AGM) ကို ရန်ကုန်မြို့ ပြည်လမ်းမပေါ်ရှိ Novotel Hotel Yangon Max တွင် ၄.၂.၂၀၁၇ (စနေနေ့) ၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

AGMသို့ အချိန်မအားမလပ်သည့်ကြားမှ တက်ရောက် ချီမြှင့်ပေးပြီး၊ အနယ်နယ်အရပ်ရပ်မှာ တက်ရောက်လာသော စွန့်ဦးတီထွင်လူငယ်လုပ်ငန်းရှင် (entrepreneurs) များ အတွက် အားပေးစကားပြောကြားကာ လူငယ်များ၏ အကြံပြုချက်များကို ပြန်လည်ဖြေကြားပေးပါသော ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးတင်မောင်ထွန်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများမှ ဧည့်သည်တော်များ၊ AGM ဖြစ်မြောက်ရေးအတွက် Sponsors များအဖြစ် ပံ့ပိုးကူညီပေးခဲ့ကြသော Platinum Sponsor – ကမ္ဘောဇဘဏ်၊ Gold Sponsor – မြန်မာ့သြဘာလုပ်ငန်းစု၊ 5BB Broadband နှင့် ပန်းသီးဖောင်ဒေးရှင်း၊ Silver Sponsor – စိန်နှင့်မြ မွေ့ရာပရိဘောဂနှင့် အောင်နိုင်သစ္စာကုမ္ပဏီလိမိတက်တို့အပြင် အလှုငွေများထည့်ဝင်လှူဒါန်းခဲ့ကြသော MYEA အသင်းသူ အသင်းသားများ၊ အဘက်ဘက်မှ ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့ကြသော MYEA အသင်းသူ အသင်းသားများ၊ ပြည်နယ်နှင့်တိုင်းဒေသအသီးသီးမှ လာရောက်ချီးမြှင့် ပေးကြသော အသင်းသူ အသင်းသားများ အားလုံးအား လှိုက်လှဲစွာကျေးဇူး ဥပကာရတင် ရှိပါသည်။

လေးစားစွာဖြင့်
MYEA

စတုတ္ထအကြိမ်မြောက် နှစ်ပါတ်လည် အသင်းသားစုံညီ အစည်းအဝေးကျင်းပမည်။

January 30th, 2017

စတုတ္ထအကြိမ်မြောက်အသင်းသားစုံညီညစာစားပွဲနှင့် ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားခြင်း။

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တက်ရောက်အမှာစကားပြောကြားပေးမည်ဖြစ်ပြီး အခြားဖိတ်ကြားထားသောဂုဏ်သရေရှိဧည့်သည်တော်များလည်း တက်ရောက်ကြမည်ဖြစ်ပါသည်။

အခမ်းအနားသို့ ၃၁.၁.၂၀၁၇ ညနေ ၅နာရီ မတိုင်မီ MYEA အသင်းဝင်မှတ်ပုံတင်ထားပြီးသူများသာ တက်ရောက်ခွင့်ရရှိမည်ဖြစ်ပြီး၊ ကြိုတင်စာရင်းပေးစနစ် သတ်မှတ်ထားပါသည်။ ကန့်သတ်လူဦးရေထက် ကျော်လွန်လက်ခံနိုင်ခြင်းမရှိပါသောကြောင့် အမြန်ဆုံးစာရင်းပေးသွင်းထားရန် လိုအပ်ပါသည်။

နေ့ရက်။ ။ ၄.၂.၂၀၁၇ (စနေနေ့)
အချိန်။ ။ ညနေ ၆:ဝဝ – ၉:ဝဝ နာရီ
နေရာ။ ။ Yangon Ballroom, Novotel Yangon Max Hotel
အဝတ်အစား။ ။ Smart Casual

စာရင်းပေးသွင်းရက်
ယနေ့မှစပြီး ၂.၂.၂၀၁၇ ညနေ ၅:ဝဝ အထိ စာရင်းပေးသွင်းနိုင်သော်လည်း ယင်းအချိန်မတိုင်မီ ကန့်သတ်ဦးရေပြည့်သွားပါက စာရင်းပိတ်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

စာရင်းပေးသွင်းပုံ
အောက်ပါ Link တွင် ဝင်ရောက်ပြီး စာရင်းဖြည့်စွက်ပေးပို့နိုင်ပါသည်။
https://myea.org.mm/4th-agm-dinner/

စုံစမ်းရန်
– 01-230-1573
– 01-230-1867
– office@myea.org.mm
– www.myea.org.mm

စတုတ္ထအကြိမ်မြောက်အသင်းသားစုံညီညစာစားပွဲနှင့် ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားခြင်း။

January 30th, 2017

အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တက်ရောက်အမှာစကားပြောကြားပေးမည်ဖြစ်ပြီး အခြားဖိတ်ကြားထားသောဂုဏ်သရေရှိဧည့်သည်တော်များလည်း တက်ရောက်ကြမည်ဖြစ်ပါသည်။

အခမ်းအနားသို့ ၃၁.၁.၂၀၁၇ ညနေ ၅နာရီ မတိုင်မီ MYEA အသင်းဝင်မှတ်ပုံတင်ထားပြီးသူများသာ တက်ရောက်ခွင့်ရရှိမည်ဖြစ်ပြီး၊ ကြိုတင်စာရင်းပေးစနစ် သတ်မှတ်ထားပါသည်။ ကန့်သတ်လူဦးရေထက် ကျော်လွန်လက်ခံနိုင်ခြင်းမရှိပါသောကြောင့် အမြန်ဆုံးစာရင်းပေးသွင်းထားရန် လိုအပ်ပါသည်။

နေ့ရက်။ ။ ၄.၂.၂၀၁၇ (စနေနေ့)
အချိန်။ ။ ညနေ ၆:၀၀ – ၉:၀၀ နာရီ
နေရာ။ ။ Yangon Ballroom, Novotel Yangon Max Hotel
အဝတ်အစား။ ။ Smart Casual

စာရင်းပေးသွင်းရက်
ယနေ့မှစပြီး ၂.၂.၂၀၁၇ ညနေ ၅:ဝ၀ အထိ စာရင်းပေးသွင်းနိုင်သော်လည်း ယင်းအချိန်မတိုင်မီ ကန့်သတ်ဦးရေပြည့်သွားပါက စာရင်းပိတ်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

စာရင်းပေးသွင်းပုံ
အောက်ပါ Link တွင် ဝင်ရောက်ပြီး စာရင်းဖြည့်စွက်ပေးပို့နိုင်ပါသည်။
https://myea.org.mm/4th-agm-dinner/

စုံစမ်းရန်
– 01-230-1573
– 01-230-1867
– office@myea.org.mm
– www.myea.org.mm

MYEA welcome new team for 2017-2019

December 22nd, 2016

MYEA Election for (2017-2019) term was successfully finished on December 18, 2016.  MYEA would like to congratulate and welcome new Management Committee, Central Executive Committee Members and Executive Committee Members. Elected members are as follows.

၁။ ဦးထွန်းထွန်းနိုင် (ဥက္ကဌ)
၂။ ဦးဇော်နိုင်သိန်း (ဒုတိယ ဥက္ကဌ)
၃။ Dr. ဒေါ်စုစုလှိုင် (ဒုတိယ ဥက္ကဌ)
၄။ ဒေါ်မေသက်ခိုင် (ဒုတိယ ဥက္ကဌ)
၅။ Dr. ဦးအောင်သူရ (ဒုတိယ ဥက္ကဌ)
၆။ ဒေါ်မေသန့်စင် (အထွေထွေ အတွင်းရေးမှူး)
၇။ ဒေါ်မိမေအေးအေးသန့် (တွဲဖက် အတွင်းရေးမှူး)
၈။ Dr. ဦးကောင်းကျော်ဆွေ (တွဲဖက် အတွင်းရေးမှူး)
၉။ Dr. ဒေါ်သီသီခိုင် (တွဲဖက် အတွင်းရေးမှူး)
၁၀။ ဦးဝင်းထက်မောင်မောင် (တွဲဖက် အတွင်းရေးမှူး)
၁၁။ ဒေါ်အေးမြတ်မြတ်သူ (ဘဏ္ဍာရေးမှူး)
၁၂။ ဒေါ်ဝင်းအိခိုင် (စာရင်းစစ်)
၁၃။ ဦးပြည့်စုံဦး (တွဲဖက်စာရင်းစစ်)

ဗဟိုအလုပ်မှုဆောင်များ
၁၄။ ဒေါ်ဆုထက်လှိုင်
၁၅။ ဒေါ်ချိုသီရိမောင်
၁၆။ Dr. ဒေါ်မေပြည့်စုံကြွယ်
၁၇။ ဒေါ်ဖြူဖြူမြင့်နိုင်
၁၈။ Dr. ဒေါ်သဲမြတ်စိုး
၁၉။ ဒေါ်မိအိဖြူဖြူထွန်း
၂၀။ Dr. ဦးထက်ဇံလင်း
၂၁။ ဦးဖြိုးမင်းမင်း

အလုပ်အမှုဆောင်များ
၂၂။ ဦးအောင်စိုးသာ
၂၃။ ဦးသောင်းစုငြိမ်း
၂၄။ ဒေါ်လဲ့လဲ့အေး
၂၅။ ဦးအောင်ဇော်ဦး
၂၆။ ဦးသတိုးဟိန်း
၂၇။ ဦးရှိန်းသူအောင်
၂၈။ ဒေါ်ဇာဇာဌေး
၂၉။ ဦးသူရိန်အောင်
၃၀။ ဒေါ်ခိုင်ဇာမြင့်
၃၁။ ဦးအောင်ကိုသက်
၃၂။ ဒေါ်မိဖြိုးသီရိဝင်း
၃၃။ ဦးဇော်လင်း
၃၄။ ဒေါ်မေစိုပြေဉာဏ်
၃၅။ Dr. ဒေါ်ဖြူစင်ခိုင်
၃၆။ ဦးဇော်မင်းသန့်
၃၇။ ဒေါ်မွန်မွန်မြင့်သူ
၃၈။ ဦးမျိုးမင်းဦး
၃၉။ ဦးဇော်လတ်
၄၀။ Dr. ဦးမင်းထက်
၄၁။ Dr. ဦးအောင်မြတ်လွင်
၄၂။ ဒေါ်နန်းလိုင်ခမ်း
၄၃။ ဒေါ်ခင်ချောစုဝင်း
၄၄။ Dr. ဒေါ်သဲသိမ့်ဝါ
၄၅။ Dr. ဦးခန့်ဝင်းဇင်
၄၆။ Dr. ဦးဝေထူးကျော်
၄၇။ ဦးသက်ထွန်းဦး
၄၈။ Dr. ဒေါ်ယဉ်မင်းဟန်
၄၉။ ဦးအေးသီဟ
၅၀။ Dr. ဒေါ်မေဇော်သက်