September 25th, 2018
မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA)မှ ဒုဥက္ကဌ ဦးဇော်နိုင်သိန်း ဦးဆောင်သော အဖွဲ့ဝင် (13)ဦးသည် China Young Entrepreneurs’ Association ၏ဖိတ်ကြားမှုဖြင့် စက်တင်ဘာ 25 ရက်နေ့မှ 29 ရက်နေ့အထိ Fangchenggang city, Guangxi Zhuang Autonomous Region တွင် ကျင်းပပြုလုပ်မည့် 2018 China – ASEAN Economic and Trade Cooperation Activity သို့ တက်ရောက်ရန် စက်တင်ဘာလ 24 ရက်နေ့ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာကြရာ ဥက္ကဌ ဦးထွန်းထွန်းနိုင် ဦးဆောင်သော တာဝန်ရှိသူများမှ လိုက်ပါပို့ဆောင်ကြပါသည်။
September 20th, 2018
Dutch Embassy မှ Deputy Ambassador Huub Buise ဦးဆောင်သောအဖွဲ့သည် 2018, September 20ရက် နေ့လည်ပိုင်းတွင် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း (MYEA) သို့လာရောက်တွေ့ဆုံရာ ဥက္ကဌ ဦးထွန်းထွန်းနိုင် ဦးဆောင်သော အဖွဲ့မှ လက်ခံတွေ့ဆုံခဲ့ပြီး အသင်း၏ လက်ရှိဆောင်ရွက်နေမှုများ၊ ရှေ့ဆက်လုပ်ဆောင်မည့် အစီအစဉ်များနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။
September 13th, 2018
စက်တင်ဘာလ ၁၃ရက်နေ့တွင် Hong Kong Trade Development Councilမှ ဒါရိုက်တာတစ်ဦးဖြစ်သော Mr. Sanny Chau ဦးဆောင်သော အဖွဲ့သည် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA) သို့ လာရောက်တွေ့ဆုံရာ တာဝန်ရှိသူများမှ MYEA အသင်းရုံး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ International Relations Committee ၏ Secretary – Dr.အောင်မြတ်လွင်မှ MYEA အသင်း၏ ရည်ရွယ်ချက် နှင့် လက်ရှိလုပ်ဆောင်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အပြန်အလှန် မေးမြန်းဆွေးနွေး ခဲ့ကြပါသည်။
September 8th, 2018
စက်တင်ဘာလ (၇)ရက်နေ့၊ နေ့လည်(၃)နာရီ အချိန်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့သို့ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA)မှ အလှူငွေကျပ်(၅၅)သိန်း၊ Strategy First Institute နှင့်Myanmar Indobest Company တို့မှ အလှူငွေကျပ်(၁၀)သိန်းစီ၊ စုစုပေါင်းအလှူငွေကျပ် (၇၅)သိန်းအား ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ဝန်ကြီးများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ယင်းနောက် MYEA ဒုဥက္ကဌ(၁) ဦးဇော်နိူင်သိန်းမှ လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်နှင့် မြန်မာနိုင်ငံလူငယ် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း(MYEA)၏ လုပ်ငန်းဆောင်ရွက်မှု၊ ကရင်ပြည်နယ်အသင်း ဖွဲ့စည်းဆောင်ရွက်နေမှုတို့အား ရှင်းလင်းတင်ပြခဲ့ရာ၊ ဝန်ကြီးချုပ်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ပါသည်။ အခမ်းအနားသို့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ MYEA ဒုဥက္ကဌ ဦးဇော်နိူင်သိန်း၊ အထွေထွေအတွင်းရေးမှုး၊ အလုပ်အမှုဆောင်များ၊ မွန်ပြည်နယ် (MSYEA) နှင့် ဧရာဝတီတိုင်း (ARYEA) မှ ဥက္ကဌများ၊ အမှုဆောင်များ၊ ကရင်ပြည်နယ်အသင်းဖြစ်မြောက်ရေး ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။ ထို့နောက် MYEA အဖွဲ့သည် ဝန်ကြီးချုပ်နှင့်အတူ ရေဘေးသင့်ကယ်ဆယ်ရေးစခန်း များသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်း ခဲ့ကြပါသည်။
September 7th, 2018
စက်တင်ဘာ (၇) ရက်နေ ့၊ နံနက် (၁၀) နာရီတွင် မွန်ပြည်နယ် အစိုးရအဖွဲ ့ရုံး၊ ဧည့်ခန်းမ၌ မွန်ပြည်နယ် အတွင်းရှိ ရေဘေးသင့် ပြည်သူများအတွက် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA) မှ အလှူငွေ သွားရောက် လှူဒါန်းခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဒေါက်တာအေးဇံ နှင့် မွန်ပြည်နယ်လွှတ်တော် ဥက္ကဌ ဒေါ်တင်အိ တို ့မှ ရေဘေးသင့်ခံရသည့် မြို ့နယ်၊ ကျေးရွာ များ၏ အခြေအနေနှင့် လက်ရှိအစိုးရအဖွဲ ့နှင့် လူမှုရေး အသင်းအဖွဲ ့များ၏ ဆောင်ရွက်ပေးနေမှု အခြေအနေများအား ပြောကြားခဲ့သည်။ ထို ့နောက် မြန်မာနိုင်ငံလူငယ်စွန် ့ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA) မှ အလှူငွေကျပ် (၅၇)သိန်း၊ Supreme Group မှ အလှူငွေကျပ် (၁၅)သိန်း၊ စုစုပေါင်း အလှူငွေကျပ် (၇၂)သိန်းအား ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ်နှင့် လွှတ်တော် ဥက္ကဌတို့က လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ယင်းနောက် MYEA ဒုဥက္ကဌ ဦးဇော်နိုင်သိန်း မှ လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်နှင့် မြန်မာနိုင်ငံလူငယ်စွန် ့ဦးတီထွင်လုပ်ငန်းရှင် များအသင်း (MYEA) နှင့် မွန်ပြည်နယ် MSYEA တို ့၏ လုပ်ငန်းဆောင်ရွက်မှုတို ့အား ရှင်းလင်းတင်ပြခဲ့ရာ၊ ဝန်ကြီးချုပ်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ သည်။ အခမ်းအနားသို ့ဝန်ကြီးချုပ်၊ လွှတ်တော် ဥက္ကဌ နှင့် ဝန်ကြီးများ၊ MYEA ဒုဥက္ကဌ ဦးဇော်နိုင်သိန်း၊ အထွေထွေအတွင်းရေးမှူး၊ အလုပ်အမှုဆောင်များ၊ မွန်ပြည်နယ် MSYEA နှင့် ဧရာဝတီတိုင်း ARYEA မှ ဥက္ကဌများ၊ အမှုဆောင်များ တက်ရောက် ခဲ့ကြပါသည်။
September 6th, 2018
စက်တင်ဘာလ (၆)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ ခန်းမ၌ တောင်ငူခရိုင်အတွင်းရှိ ရေဘေးသင့်ပြည်သူ များအတွက် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း (MYEA)မှ အလှူငွေများ သွားရာက်လှူဒါန်းခဲ့သည်။ ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲ ပဲ့ကျမှုဖြစ်စဉ်ကြောင့် ရေဘေးသင့်ခံရသည့် မြို့နယ်/ကျေးရွာများ၏ အခြေအနေနှင့် လက်ရှိ အစိုးရအဖွဲ့နှင့် လူမှုရေး အသင်းအဖွဲ့များ၏ ဆောင်ရွက်ပေးနေမှုအခြေအနေများအား ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA)မှ အလှူငွေကျပ်(၄၈)သိန်း၊ Supreme Group မှ အလှူငွေကျပ် (၁၅)သိန်း၊ အောင်နိုင်သစ္စာကုမ္ပဏီဦးအောင်ဇော်ဦးမှ အလှူငွေကျပ်(၁၀)သိန်း၊ စုစုပေါင်း အလှူငွေကျပ်(၇၃)သိန်းအား ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။ ယင်းနောက်MYEA ဒုဥက္ကဌဦးဇော်နိူင်သိန်းမှ လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်နှင့် မြန်မာနိုင်ငံလူငယ် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း(MYEA)၏ လုပ်ငန်းဆောင်ရွက်မှုတို့အား ရှင်းလင်းတင်ပြခဲ့ရာ၊ ဝန်ကြီးချုပ်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့သည်။ အခမ်းအနားသို့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ MYEA ဒုဥက္ကဌ ဦးဇော်နိူင်သိန်း၊အထွေထွေအတွင်းရေးမှုး၊ အလုပ်အမှုဆောင်များ၊ မွန်ပြည်နယ်MSYEA နှင့်ဧရာဝတီတိုင်းARYEA မှဥက္ကဌများ၊ အမှုဆောင်များတက်ရောက်ခဲ့ကြပါသည်။
ထို့နောက် MYEA အဖွဲ့သည် ရေတာရှည်မြို့နယ်နှင့် ဆွာမြို့တို့ရှိ ရေဘေးသင့် ဒေသများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ကြပါသည်။
September 6th, 2018
ဂျပန်နိုင်ငံ WASEDA University မှ Professor HIROSHI KANNO ဦးဆောင်သော MBA ကျောင်းသားများအဖွဲ့သည် ယနေ့ စက်တင်ဘာလ ၆ရက် နေ့လည်ပိုင်းတွင် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း(MYEA) ရုံးသို့ လာရောက်လေ့လာတွေ့ဆုံရာ ဥက္ကဌ ဦးထွန်းထွန်းနိုင် ဦးဆောင်သော တာဝန်ရှိသူများမှ လက်ခံတွေ့ဆုံခဲ့ပါသည်။ ဥက္ကဌ ဦးထွန်းထွန်းနိုင် မှ MYEA အသင်း၏ ရည်ရွယ်ချက်များ၊ လက်ရှိလုပ်ဆောင်နေမှုများနှင့် ရှေ့ဆက်မည့်လုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး သိရှိလိုသည်များ အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြပါသည်။
August 23rd, 2018
မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၏ ဝါဆိုသင်္ကန်းကပ် အလှူမင်္ဂလာကို Aug 23ရက်နေ့ မနက်(10:00)နာရီ အချိန်တွင် UMFCCI, 11လွှာရှိ MYEA အသင်းရုံး၌ ကျင်းပပြုလုပ်ခဲ့ပြီး ပင့်သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုအစုစုတို့ဖြင့် ဆက်ကပ်လှူဒါန်းကာ ပရိတ်တရားနာကြားခြင်း၊ အလှူရေစက်ချအမျှပေးဝေခြင်းများပြုလုပ်ခဲ့ပါသည်။ ထို့နောက် ကြွရောက်လာကြသော ဧည့်ပရိတ်သတ်များအား အကျွေးအမွေးများဖြင့်တည်ခင်းဧည့်ခံခဲ့ပါသည်။
August 20th, 2018
မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၏ ဝါဆိုသင်္ကန်းကပ် အလှူမင်္ဂလာကို Aug 23 ရက်နေ့ မနက်(9:30)အချိန်တွင် UMFCCI, 11လွှာရှိ MYEA အသင်းရုံး၌ ကျင်းပပြုလုပ်မည်ဖြစ်ပါ၍ အလှူရေစက်ချတရားတော်နာကြွရောက်နိုင်ပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်။
August 16th, 2018
Aug 16, 2018 ရက်နေ့တွင် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း(MYEA)မှ တာဝန်ရှိသူများ၊ Access to Finance committee မှ တာဝန်ရှိသူများသည် အသင်းဝင်များအတွက် ဘဏ်နှင့်ပတ်သက်သောဝန်ဆောင်မှုများ အထူးကူညီပံ့ပိုးပေးနိုင်ရန် ရည်ရွယ်၍ ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူများနှင့် MYEA ရုံး meeting room တွင်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။