November 19th, 2019
၂၀၁၉ ခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ စွန့်ဦးတီထွင် ရက်သတ္တပတ် (Global Entrepreneurship Week 2019) ကို မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင် များအသင်းမှ National Host အဖြစ် ကြီးမှူးပြီး ပြည်နယ်နှင့်တိုင်းဒေသကြီး ၉ ခုရှိမြို့ပေါင်း ၁၂ မြို့တွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့ထိ သက်ဆိုင်ရာ local event organizer များဖြင့် အခမ်းအနားမျိုးစုံစည်ကားတိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
“Education, Ecosystem, Inclusion and Policy” ဟုအမည်ပေးထားသော ယခုနှစ် Global Entrepreneurship Week 2019 ကို ယခင်နှစ်များအတိုင်း USAID မှ ပံ့ပိုးပေးပြီး၊ အခြား ပြင်ပစီးပွားရေးလုပ်ငန်းများမှ Diamond Sponsor အဖြစ် မြန်မာ့ရုပ်ရှင်ဘဏ်တိုက် Mahar Mobile application မှ လည်းကောင်း ၊ Mytel မှ Gold Sponsor အဖြစ်လည်းကောင်း ၊ AYA Bank, KIA ၊ Puegot ကား ရောင်း ချသည့် Super Seven Star ကုမ္ပဏီ၊ Awba group၊ Denko ဆီဆိုင်နှင့် Esperado Hotel တို့မှ Silver Sponsor များအဖြစ် မြန်မာနိုင်ငံအတွင်း စွန့်ဦးတီထွင်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်များပြားလာစေရန် ရည်ရွယ်၍ ကူညီပံ့ပိုးပေးခဲ့ကြပါသည်။
Global Entrepreneurship Week ၏ အန္တိမ ရည်မှန်းချက်ဖြစ်သည့် နိုင်ငံတွင်း စွန့်ဦးတီထွင် ယဉ်ကျေးမှုနှင့် ပတ်ဝန်းကျင်ကောင်းဖြစ်ပေါ်လာစေရန်၊ စွန့်ဦးတီထွင် လုပ်ကိုင်သူများ ပိုမိုတိုးတက်များပြားလာစေရန်နှင့် ယင်းတို့အား ကူညီထောက်ပံ့ပေးမှု ပိုမိုရရှိလာစေရန် ဆိုသည့်အတိုင်း နိုင်ငံတွင်းရှိ မတူညီသည့် အဖွဲ့အစည်းများမှ အတူတကွ ဝိုင်းဝန်းကြိုးစား ဖော်ဆောင်ခဲ့ကြခြင်း ဖြစ်ပါသည်။
January 26th, 2019
ရန်ကုန်တိုင်းဒေသကြီးလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း
(YRYEA)၏ ပထမအကြိမ် အမှုဆောင်အဖွဲ့ ရွေးကောက်ပွဲကို
၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊
ရွှေတိဂုံဘုရားလမ်းရှိ Prime Hill Business Square ၌ကျင်းပပြုလုပ်ခဲ့ပါသည်။
အလုပ်အမှုဆောင်များကို အသင်းသားများမှ ဆန္ဒပြုရွေးချယ်ခဲ့ကြပြီး
ရန်ကုန်တိုင်းဒေသကြီးလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၏
ရွေးချယ်ခံရသည့် အလုပ်အမှုဆောင်အဖွဲ့ဝင်သစ်များအား
လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆို မှတ်တမ်းတင်အပ်ပါသည်။
January 18th, 2019
လာမည့် ဇန်နဝါရီလ ၂၆ရက် နေတွင် အသစ်ဖွဲ့စည်းမည့်
ရန်ကုန်တိုင်းYRYEAရွေးကောက်ပွဲပြုလုပ်မှာဖြစ်ပါသည်။
လက်ရှိနိုင်ငံအသင်းတွင်ရန်ကုန်လိပ်စာဖြင့်အသင်းဝင်ထားသူ
အားလုံးသည်ရန်ကုန်တိုင်းအသင်းသားများဖြစ်ပါသည်။
EC အဖြစ်အဆိုပြုနိုင်ရန်နှင့်အသစ်ရွေးမည့် ECများကို
မဲပေးနိုင်ရန်အတွက် ပေးသွင်းရန်ကျန်ရှိသော
အသင်းဝင်ကြေးများကို ဇန်နဝါရီ ၂၅ ရက်နေ့
နောက်ဆုံးထား၍ပေးသွင်းပေးနိုင်ပါသည်။
အသေးစိတ်သိရှိလိုပါက ဝ၁-၂၃၀၁၈၆၇ ,ဝ၉ ၇၆ ၅၀ဝ၀ ၇၁၉ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
မှတ်ချက်။ ရွေးချယ်ခံစာရင်းသွင်းခြင်း လျှောက်လွှာများကို ၂၃ ရက်နေ့ အထိ တိုးမြှင့်ထားပါသည်။
January 17th, 2019
မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း(MYEA) နှင့်
Kaplan University တို့အကြားရှေ့ဆက်၍ပူးပေါင်းဆောင်ရွက်မည့်
လုပ်ငန်းစဉ်များအတွက် နှစ်ဖက်သဘောတူ နားလည်မှုစာချွန်လွှာ
လက်မှတ်ရေးထိုးပွဲကို ယနေ့ ဇန်နဝါရီလ ၁၇ရက်နေ့တွင်
Kaplan University ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
January 14th, 2019
မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA)နှင့်
စီးပွားရေးအသိုက်အဝန်းတွင် တက်ကြွစွာလှုပ်ရှားဆောင်ရွက်နေသော
ရန်ကုန်ယူနန်လူငယ်လုပ်ငန်းရှင်အသင်းတို့သည် ရှေ့ဆက်ရမည့်လုပ်ငန်းစဉ်များ
အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် ဇန်နဝါရီလ ၁၃ရက်နေ့က
ယူနန်ဘုံကျောင်းရှိ အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
October 30th, 2018
ယနေ့အောက်တိုဘာလ(၃၀)ရက်နေ့တွင်
မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းမှ
ဦးစီးကျင်းပမည့် Global Entrepreneurship Week
( ကမ္ဘာလုံးဆိုင်ရာစွန့်ဦးတီထွင်ရက်သတ္တပတ်) 2018ပွဲ
အခမ်းအနားများနှင့်ပတ်သက်သောသတင်းစာရှင်းလင်းပွဲကို
ကုန်သည်စက်မှုအသင်းချုပ် ၄လွှာရှိ အစည်းအဝေးခန်းမ၌
ကျင်းပပြုလုပ်ခဲ့ပါသည်။ ကမ္ဘာလုံးဆိုင်ရာစွန့်ဦးတီထွင်ရက်သတ္တပတ်
ဆိုသည်မှာ ရက်သတ္တပတ်အတွင်း မတူညီသောပွဲအခမ်းအနား၊
အစီအစဉ်များကိုစီးပွားရေးအဖွဲ့အစည်းများ၊ တက္ကသိုလ်များ၊
သင်တန်းကျောင်းများမှတစ်ဆင့် စွန့်ဦးတီထွင်မှုဆိုင်ရာ
အတွေးအမြင်များ ပေါ်ထွက်လာအောင်၊ များပြားလာအောင်
ပြုလုပ်ပေးသည့် ရက်သတ္တပတ် ဖြစ်ပါသည်။
နိုင်ငံပေါင်း ၁၂၅ နိုင်ငံတွင် ပွဲအခမ်းအနားပေါင်း ၃၅၀ဝ၀ကျော်ဖြင့်
စည်ကားသိုက်မြိုက်စွာ ကျင်းပသည့်ပွဲဖြစ်ပါသည်။
မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းမှ
Global Entrepreneurship Week 2018ကို ကမကထပြုလုပ်ပြီး
နိုင်ငံအနှံ့ကျင်းပနိုင်အောင် ကြိုးစားဆောင်ရွက်လျှက်ရှိပါသည်။
USAID မှလည်း မြန်မာနိုင်ငံအတွင်း စွန့်ဦးတီထွင်သူများ
ပိုမိုများပြားလာစေရန်နှင့် စွန့်ဦးတီထွင်တတ်သော
အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်အတွက်
ယခုနှစ်ကျင်းပမည့် Global Entrepreneurship Week 2018 ကို
အဓိကကူညီပံ့ပိုးသူအဖြစ်ပါဝင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
ထို့အပြင် UKAids ၏အဓိကဆောင်ရွက်သူဖြစ်သော
DaNA Facility မှလည်းတစ်ဘက်တစ်လမ်းမှ ပံ့ပိုးကူညီပေးသွားမည်ဖြစ်ပါသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်
လုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဦးထွန်းထွန်းနိုင်နှင့် တာဝန်ရှိသူများ
ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သတင်းမီဒီယာများ
စုံလင်စွာတက်ရောက်ခဲ့ကြပါသည်။
October 18th, 2018
Oct 16, 2018
မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းမှ
ဥက္ကဌ ဦးထွန်းထွန်းနိုင် ဦးဆောင်သော အဖွဲ့သည်
Israel သံရုံးမှ Ronen Gilor (Ambassador),
Nir Balzam (Deputy Chief of Mission) တို့နှင့်
Acacia Tea Salon တွင် တွေ့ဆုံနှုတ်ဆက်ကာ MYEA ၏
ရှေ့ဆက်လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်
ကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။
October 8th, 2018
4th October, 2018 ရက်နေ့တွင် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA) နှင့် World Learning တို့ပူးပေါင်း၍ “GROWTH IN INTERNATIONAL MARKETS A TOOL KIT FOR SMEs”ပွဲကို Novotel Hotel ( Pyay Room) တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၊ World Learning, U.S Embassy တို့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ သတင်းမီဒီယာများနှင့် စိတ်ပါဝင်စားသူများ လူဦးရေ(150) ကျော်ခန့်တက်ရောက်ခဲ့ကြပါသည်။
October 4th, 2018
၂၀၁၈ အောက်တိုဘာလ ၄ရက်နေ့ တွင် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း(MYEA) မှ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များနှင့် လူငယ်များအကြား အသိပညာဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတွင် တစ်ဖက်တစ်လမ်းမှအကျိုးပြုနိုင်ရန် အတွက် ရည်ရွယ်၍ ပူးပေါင်းဆောင်ရွက်နိုင်ရန် YTV Channel (My Multimedia Group), Fortune TV Channel တို့နှင့် နှစ်ဖက်သဘောတူ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို Novotel Hotel Yangon တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါပွဲသို့ MYEA မှ ဥက္ကဌ ဦးထွန်းထွန်းနိုင် နှင့် တာဝန်ရှိသူများ၊ Public Relations Committee ဥက္ကဌ Dr.သဲမြတ်စိုးနှင့် တာဝန်ရှိသူများ၊ YTV Channel, Fortune TV Channel တို့မှ တာဝန်ရှိသူများ တက်ရောက်လက်မှတ်ရေးထိုးခဲ့ကြပါသည်။
September 26th, 2018
Sept 26 ရက်နေ့တွင် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း(MYEA)မှ တာဝန်ရှိသူများ၊ Access to Finance Committee မှတာဝန်ရှိသူများသည် CB Bank မှ တာဝန်ရှိပုဂ္ဂိုလ်များ နှင့်တွေ့ဆုံကာ SME Business Start-Up loan နှင့် Pitching 6 Event တွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြပါသည်။