EWC 2020 (Myanmar National Grand Final) “ကျေးဇူးတင်လွှာ”

August 31st, 2020
 
 
မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA) မှ ပြည်တွင်းတွင်National Organizer အဖြစ် ပထမဦးဆုံးအကြိမ် စီစဉ် ကျင်းပသည့် Entrepreneurship World Cup ပြိုင်ပွဲ၏ “MYANMAR NATIONAL GRAND FINAL” အခမ်းအနားအား ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၂၉) ရက်နေ့က Esperado Lake View Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းအခမ်းအနားအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 နှင့်ပတ်သက် သည့်လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျဆောင်ရွက်ခဲ့ပါသည်။
 
အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ပြီးNational Judge များအဖြစ် ဆောင်ရွက်ပေးခဲ့ပါသော ဦးဝေဖြိုး (Managing Director, Yatha Cho Industry Limited)၊ ဦးဇော်လင်းအောင် (Senior Managing Director, KBZ Bank Limited)၊ ဦးဇေယျသူရမွန် (Chairman & CEO, RGK+Z&A Group)နှင့် ဦးရည်လတ်အေး (Deputy Chair (MPE&VCA)Director/COO, Delta Capital Myanmar)၊ အဖွင့် အမှာစကားပြောကြားပေးခဲ့ပါသော MYEA ၏ဥက္ကဋ္ဌ ဒေါက်တာအောင် သူရ၊ အခမ်းအနားသို့တက်ရောက်ခဲ့ကြပါသော MYEA စီမံခန့်ခွဲရေး ကော်မတီမှတာဝန်ရှိသူအချို့၊ ညီနောင်တိုင်း/ပြည်နယ်အသင်းမှတာဝန် ရှိသူအချို့ နှင့်Diamond Sponsor- KBZ Bank, Gold Sponsor – Apache Cement, Silver Sponsor – Supreme Group of Companies, Media Partner – 7Day TV, Venue Sponsor – Esperado Lake View Hotel တို့မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲသို့လူကိုယ်တိုင်လာရောက်ယှဉ်ပြိုင်ခဲ့သည့် Short Listed Applicants များနှင့် Zoom Webinar မှတစ်ဆင့် ဝင်ရောက်ယှဉ် ပြိုင်ခဲ့သည့်Short Listed Applicants များ၊ Zoom Webinar မှတစ်ဆင့် တက်ရောက်ပေးခဲ့ကြပါသော မိတ်ဖက်အဖွဲ့အစည်းများ၊ တိုင်း/ပြည်နယ်လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းများမှ အသင်းသားများ၊MYEA(CEC/EC)များ၊ အသင်းသားများနှင့် အခမ်းအနားဖြစ်မြောက်အောင် ဝိုင်း ဝန်းကူညီပံ့ပိုးသူများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
 
ထို့အပြင် National Grand Final မတိုင်မီ National Organizer မှတာဝန်ယူဆောင်ရွက်ရသည့် EWC Accelerated -1 Program များတွင်Rehearsal Judgeများအဖြစ် အားဖြည့်ပါဝင်ကူညီပေးခဲ့ပါသော Dr.အောင်သူရ (President, MYEA)၊ ဒေါ်အေးမြတ်မြတ်သူ (Vice President, MYEA)၊ ဦးဝင်းထက်မောင် မောင် (Secretary General, MYEA)နှင့် ဦးသန်းထိုက်လွင် (President, YRYEA), Pitch Deck Trainer များအဖြစ် ကူညီဆောင်ရွက်ပေးခဲ့ပါသော ဦးဖြိုးဝေခိုင် (EC, YRYEA), ဦးစိုးမိုးသန်း (Member, YRYEA)၊ ဦးထက်အာကာစိုး (Startup Coach)နှင့်Finance Fundamental Trainer – ဦးမင်းဟန်ထွန်း ,CFA (Academic Director/Co-Founder, Matrix Institute of Professionals), Screening and Round-1 Judges များအဖြစ် ပါဝင်ကူညီဆောင်ရွက်ခဲ့ပါသော Dr.မေပြည့်စုံကြွယ် (Joint Secretary, MYEA)၊ ဒေါ်ခိုင်ခိုင်လင်း (Chair – ED Committee, MYEA)နှင့် ဒေါ်မေစိုပြေဉာဏ် ,CFA (Chair – AF Committee, MYEA)တို့အားလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် အပ်ပါသည်။
မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA)
 

Congratulations Shortlisted Applicants_EWC 2020 Myanmar

August 12th, 2020

 

📌 မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA) မှ National Organizer အဖြစ် ပထမဦးဆုံးအကြိမ်စီစဉ်ကျင်းပသည့် Entrepreneurship World Cup 2020 ပြိုင်ပွဲသို့ ဝင်ရောက် လျှောက်ထားသည့် Applicants များထဲမှ National Grand Final တွင် ပါဝင်ရန် ရွေးချယ်ခံရသည့်​ Shortlisted Applicants များအား အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်ပါသည်။

 

AgriZay
Alliance Eagles Group Agriculture Limited
Alpha Learn
Brain Portal Learning Labs Pte Ltd
Brand You Co., Ltd.
Charis Myanmar Co., Ltd.
Flexible Pass
Grey Wolf
Htun Kar Mandalay Co.,Ltd
JarPlay Technology
Kathryn Online University
M S D T Company Limited
Magma Science and Engineering
mental heal
Mentiply
Mickey’s Real Wood Co., Ltd
MyanAnts
Myancar Co.,Ltd
MyanStay
RecyGlo
Tay Company Limited
UKK Longyi
Waso Learn (Waso Full Moon Company Ltd)

📌 Shortlisted applicants များကို Scoring Serial ဖြင့် ဖော်ပြထားခြင်းမဟုတ်ဘဲ alphabetical serial များဖြင့် ကြေညာထားခြင်းဖြစ်ပါသည်။

 

📌 ယခုရွေးချယ်ခံရသည့် shortlisted applicants များကို National Grand Final Day နှင့် Global Level အထိ တက်လှမ်းနိုင်ရန်အတွက် MYEA မှ Accelerated-1 Program အနေဖြင့် Pitching, Training နှင့် Mentoring များအား စနစ်တကျပြုလုပ်ဆောင်ရွက်ပေးပါမည်။

📌 Accelerated 1 Program ပြုလုပ်မည့် နေ့ရက်၊ အချိန်တို့အား အချိန်နှင့်တစ်ပြေးညီ အသေးစိတ်ထပ်မံထုတ်ပြန်ကြေညာပေးပါမည်။

📌 လာမည့်ဩဂုတ်လ (၂၉)ရက်နေ့တွင် အောင်မြင်နေသော လုပ်ငန်းရှင်၊ ပညာရှင်ဒိုင်လူကြီးများဖြင့် “Entrepreneurship World Cup 2020_Myanmar National Grand Final” ကျင်းပပြုလုပ်ကာ National Winner ကို စိစစ်ရွေးချယ်သွားပါမည်။

📌 ရွေးချယ်ခံရသည့် shortlisted applicants များအနေဖြင့် MYEA office (Hot Line : 09 765000 719, 09765000639) သို့ (13-8-2020)နေ့ (ညနေ ၅း၀၀)နာရီ နောက်ဆုံးထားပြီး ဆက်သွယ် အကြောင်းကြားပေးရန် လိုအပ်ပါသည်။

🔵 National Winner ရရှိသူသည် MYEA မှချီးမြှင့်သော ဆုငွေကျပ် (၁၅) သိန်း ကိုရရှိမည်ဖြစ်ပြီး Global EWC 2020 Top 100 ရွေးချယ်ပွဲ သို့ Global finalist အဖြစ် မြန်မာနိုင်ငံကိုယ်စားပြုယှဉ်ပြိုင်ရမည် ဖြစ်ပါသည်။

#EntrepreneurshipWorldCup #EWC2020 #EWC_MMR

“Entrepreneurship World Cup 2020″ ပြိုင်ပွဲ အား National Organizer အဖြစ် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA) မှ စီစဉ်ကျင်းပမည်

July 27th, 2020

Entrepreneurship Worldcup 2020_Myanmar National Organizer (MYEA)
🏆🏆🏆🏆🏆🏆🏆🏆🏆🏆🏆🏆

“Entrepreneurship World Cup 2020″ ပြိုင်ပွဲ အား National Organizer အဖြစ် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA) မှ စီစဉ်ကျင်းပမည်

🔵 မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း(MYEA) မှ စွန့်ဦးတီထွင် လုပ်ငန်းရှင်များ ပိုမို တိုးတက်စေရန်နှင့်နိုင်ငံတကာအတွေ့အကြုံများရရှိပြီး ပိုမိုအောင်မြင်သောလုပ်ငန်းရှင်များ ပေါ်ထွန်းလာစေ ရန် ရည်ရွယ်၍ “Entrepreneurship World Cup 2020″ ပြိုင်ပွဲကို Myanmar National Organizer အဖြစ် စီစဉ်ကျင်းပသွားမည်ဖြစ်ပါသည်။ အဆိုပါပြိုင်ပွဲတွင် ပါ၀င်ယှဉ်ပြိုင်လိုသည့် ပြည်တွင်းရှိစွန့်ဦးတီထွင် လုပ်ငန်းရှင်များအနေဖြင့် EWC Official Website Online Application (https://signup.entrepreneurshipworldcup.com/ewc/signup) မှတစ်ဆင့် ဩဂုတ်လ (၂) ရက်နေ့ နောက်ဆုံးထားပြီး ဝင်ရောက်လျှောက်ထားနိုင်ပါသည်။

🔵 EWC 2020 သို့ မြန်မာနိုင်ငံမှ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ အနေဖြင့် category (၃) မျိုးဖြင့် ဝင်ရောက် ယှဉ်ပြိုင်နိုင်မည်ဖြစ်ပါသည်။
1. Idea Stage
2. Early Stage
3. Growth Stage

🔵 လျှောက်ထားသူများထဲမှ ရွေးချယ်ခံရသည့် Shortlisted applicants များကို MYEA မှ Accelerate-1 Program အနေဖြင့် Pitching, Training နှင့် mentoring များအား ပြုလုပ်ဆောင်ရွက်ပေးမည်ဖြစ်ပြီး ဩဂုတ်လ ဒုတိယပတ်တွင် အောင်မြင်နေသော လုပ်ငန်းရှင်၊ ပညာရှင် ဒိုင်လူကြီးများ က National Pitching ပြုလုပ်ကာ National Winner ကိုစိစစ်ရွေးချယ်သွားပါမည်။

🔵 National Winner ရရှိသူအား MYEA မှ ဆုငွေကျပ် (၁၅) သိန်း ချီးမြှင့်ပေးမည်ဖြစ်ပြီး Global EWC 2020 Top 100 ရွေးချယ်ပွဲသို့ Global finalist အဖြစ် မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။

🔵 Global finalist များ အား Global EWC မှ Accelerate-2 Program အနေဖြင့် Virtual Training Sessions များ၊ One to one Mentor program များပြုလုပ်ပြင်ဆင်ပေးပြီးနောက် Global EWC 2020 Top 100 ကို ထပ်မံရွေး ချယ်သွားမည်ဖြစ်ပြီး Global Finals အား ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ (၁၈၊ ၁၉) ရက်နေ့များတွင် Riyadh, Saudi Arabia တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

Global EWC 2020 Top 100 များထဲမှ အောက်ဖော်ပြပါ ဆုအမျိုးအစားများကိုလည်း ရွေးချယ်ချီးမြှင့်သွားမည်ဖြစ်သည်။

🏅🏅🏅🏅🏅🏅🏅🏅🏅🏅
🥇Grand Prize Champion : $500,000
🥈2nd Place Winner : $250,000
🥉3rd Place Winner : $100,000

Three Stage Champions
🔷 Idea Stage: $50,000
🔷 Early Stage: $50,000
🔷 Growth Stage: $50,000

Special Prize:
🎖 Social Enterprise: $50,000

EWC Service Awards:
🎖 One hundred (100) awards of in-kind services valued at $700,000 each

🚫 EWC 2020 ပြိုင်ပွဲတွင် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းချုပ်မှ စီမံခန့်ခွဲရေးကော်မတီဝင်များနှင့် MYEA ၏ EWC စီစစ်ရွေးချယ်ရေးအဖွဲ့ဝင်များ ပါဝင်ယှဉ်ပြိုင်ခြင်းအား ခွင့်မပြုဘဲ ကန့်သတ်ချက်အနေဖြင့် ပိတ်ပင်ထားပါသည်။🚫

🔵 EWC 2020 အကြောင်းအသေးစိတ်သိရှိလိုပါက https://entrepreneurshipworldcup.com/ တွင် လည်း ၀င်ရောက်ကြည့်ရှုနိုင်ပြီး MYEA Office (Hot Line) 01-2301573, 2301867, 09765000719 တို့အားလည်း ဆက်သွယ်စုံစမ်းနိင်ပါသည်။

🔵 Diamond Sponsor – KBZ Bank Limited

🔸 Gold Sponsor – Apache Cement
🔘 Silver Sponsor – Supreme Group

🟢 Official Media Partner – 7Day TV

2️⃣2️⃣
လျှောက်ထားရန် –

Online Form ကိုအောက်ပါ EWC Official Online Application Link တွင် လျှောက်ထားနိုင်ပါသည်။

https://signup.entrepreneurshipworldcup.com/ewc/signup

#EntrepreneurshipWorldCup #EWC2020 #EWC_MMR

မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း(MYEA)

MYEA Member Portal မှတစ်ဆင့် MYEA Workplace Registration ပြုလုပ်နိုင်

May 11th, 2020

မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA)အသင်းဝင်များ၏ MYEA Workplace (MYEA General Group) အား MYEA Member Portal မှတစ်ဆင့် လွယ်ကူစွာ အသုံးပြုဝင်ရောက်နိုင်သည့် link အား စတင် အသုံးပြုနိုင်ပြီဖြစ်ပါသည်။

 

အသင်းဝင်များအတွက် သီးသန့်စီစဉ်ထားရှိသည့် MYEA WorkPlace Platform အား MYEA Member Portal မှတစ်ဆင့် လွယ်ကူအဆင်ပြေစွာ Account Create ပြုလုပ်ထား နိုင်ပြီဖြစ်ပါသည်။  MYEA Member Portal အသုံးပြုပြီး MYEA Workplace အသုံးပြုပုံအား အောက်ပါအတိုင်း တစ်ဆင့်ချင်း ဖော်ပြပေးထားပါသည်။

        

 

🔴 အဆင့် (၁) MYEA Official Website ဖြစ် သည့် www.myea.org.mm ရဲ့ ထိပ်ဆုံးနေရာက (Sign In) ကို Click နှိပ်ပြီး ဝင်ရောက်ခြင်း၊ သို့မဟုတ် https://member.myea.org.mm မှ တိုက်ရိုက် လွယ်ကူစွာဝင်ရောက်နိုင်ပါသည်။

 

——————————————————————————————————————–

🔴 အဆင့်(၂) အသင်းဝင်စဉ်တုန်းက မှတ်ပုံတင်ထားခဲ့တဲ့ ဖုန်းနံပါတ်ကိုရိုက်ထည့်ပြီး forgot password ကို နှိပ်ပေးရမှာဖြစ်ပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ မိမိရဲ့ဖုန်း (SME Message) အတွင်းသို့ Validate OTP (One  Time Password) ကို ပေးပို့မှာဖြစ်တဲ့အတွက် ထိုနံပါတ်ကို ထည့်သွင်းပေးရမှာဖြစ်ပါတယ်။ ထို့ နောက် မိမိရဲ့ ကိုယ်ပိုင် Password အသစ်ကို စိတ်ကြိုက်ဖန်တီးရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။

 

 

——————————————————————————————————————–

 

🔴 အဆင့်(၃)  မိမိရဲ့ MYEA Member Profile Page ထဲကို ရောက်ရှိသွားပြီဖြစ်ပါတယ်။ ထိုအထဲကမှ Workplace Information တွင် Facebook WorkPlace Member မဖြစ်သေးသူများသည် Create Workplace Account ကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ ထို့နောက် Create New Workplace Account အား Submit နှိပ်ပေးရမှာြဖစ်ပါတယ်။ Loading ဖြစ်ပေါ်နေမှာဖြစ်ပြီး ထို့နောက် Workplace Access Code အား အလိုအလျောက် ပေးပို့ပေးမှာ ဖြစ်ပါတယ်။ ထို Workplace Access Code အား Copy လုပ်ယူထားရပါမယ်။

 

 

 

 

——————————————————————————————————————–

 

🔴 အဆင့် (၄) Work Place Application အား Google Play Store (သို့) Apple Store  တို့မှ အလွယ်တကူ Download ပြုလုပ်နိုင်ရန် Link အားလည်း  Dowload WorkPlace တွင် ဖော်ပြပေးထားပါတယ်။

Download ပြုလုပ်ပြီးပါက Workplace တွင် Sign Up ပြုလုပ်ရမှာဖြစ်ပါတယ်။

 

 

——————————————————————————————————————–

 

🔴 အဆင့် (၅) Business Email အား ဖြည့်သွင်းပေးပြီး Next ရွေးချယ်ပေးရမှာဖြစ်ပါတယ်။

 

 

 

——————————————————————————————————————–

 

🔴 အဆင့် (၆)  ယခုအဆင့်တွင် Copy ကူးယူထားခဲ့သည့်  WorkPlace Access Code အား ထည့်သွင်းပေးပါက  Welcome Message ရောက်ရှိလာပါက သင့်ရဲ့Workplace Account အား အောင်မြင်စွာ ရရှိပါပြီ။

 

 

 

 

 

 

MYEA Member Workplace အသုံးပြုရာတွင် တစ်စုံတစ်ရာ အဆင်မပြေခြင်းနှင့် လိုအပ်ချက်များရှိပါက ဆက်သွယ်စုံစမ်းမေးမြန်းရန်

Hot Line : 09765000649 , 09765000719 ,  09765000639

Email :     office@myea.org.mm

MYEA မှ အလှူငွေကျပ်သိန်း (၅၀) နှင့် (၁၃) သိန်းကျော် တန်ဖိုးရှိ ပစ္စည်းများအား UMFCCI Corona Virus Disease (COVID 19) ရန်ပုံငွေသို့ ပေးအပ်လှူဒါန်း

April 9th, 2020

              ကုန်သည်စက်မှုအသင်းချုပ်မှ အခြေခံလူတန်းစားများကို အစား အသောက်များ ထောက်ပံ့ပေးရန်အတွက် ပထမအကြိမ် ရန်ပုံငွေပေးအပ် လှူဒါန်းပွဲကို ကုန်သည် စက်မှုအသင်းချုပ်တွင် ယနေ့ ဧပြီလ(၉)ရက်နေ့ မွန်းလွဲပိုင်း၌ ကျင်းပခဲ့ရာ ယင်းရန်ပုံငွေပွဲသို့ အလှူရှင်များကိုယ်စား မြန်မာနိုင်ငံလူငယ် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း(MYEA) ဥက္ကဋ္ဌဒေါက်တာအောင်သူရနှင့် စီမံခန့်ခွဲရေးကော်မတီဝင်အချို့တို့မှ UMFCCI ၏ Corona Virus Disease (COVID 19) ရန်ပုံငွေသို့ အလှူငွေကျပ် သိန်း (၅၀) နှင့် ကျပ် ၁,၃၇၅,၀၀၀ တန်ဖိုး ရှိ ပစ္စည်းများကို ထည့်ဝင်လှူဒါန်းခဲ့ရာ UMFCCI အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း မှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။

             

                 ယင်းရန်ပုံငွေ၏ အဓိကရည်ရွယ်ချက်မှာ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်နှင့် ကုသရေးလုပ်ငန်းစဉ်များတွင် အသုံးပြုရန်နှင့် Corona Virus Disease (COVID 19) ရိုက်ခတ်မှုကိုခံစားနေရသည့် အခြေခံ လူတန်းစားများ၏ စားရေး၊ သောက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ကူညီဖြေရှင်းပေးနိုင်ရန်တို့အတွက် ရန်ပုံငွေထူထောင်ထားခြင်းဖြစ် ပါသည်။

 

🔷 ငွေသားလှူဒါန်းမှုစာရင်းများမှာ –


ဒေါက်တာသဲမြတ်စိုး – (၂၅) သိန်း
ဒေါက်တာအောင်သူရ – (၅) သိန်း
ဦးဇော်မင်းသန့် – (၅) သိန်း
ကိုထွန်းဇော်ဝင်း + ‌ဒေါက်တာဝတ်ရည်စိုး – (၃)သိန်း
ကိုကျော်ဇေယျ @ Ko Jeep – (၂) သိန်း
ကိုဝင်းထက်မောင်မောင် – (၁) သိန်း
ဒေါက်တာသီသီခိုင် – (၁) သိန်း
ဒေါက်တာမေဇော်သက် – (၁) သိန်း
ဒေါက်တာမေပြည့်စုံကြွယ် – (၁) သိန်း
Ma Sofia Nyuntwai – (၁) သိန်း
ဒေါက်တာကောင်းကျော်ဆွေ – (၁) သိန်း
မမြတ်စုမွန် – (၁) သိန်း
ဒေါက်တာဖြူစင်ခိုင် – (၁) သိန်း
ဒေါက်တာယဥ်မင်းဟန် – (၁) သိန်း
မခင်ညိုမင်းလွင် – (၁) သိန်း

 

🔷 ပစ္စည်းအလှူစာရင်းများမှာ –
မအေးမြတ်မြတ်သူ – (၅) သိန်းတန်ဖိုးရှိ (Sanitizer)
Dr. မင်းထက် – (၅) သိန်းတန်ဖိုးရှိ (Face-shields)
မချစ်ဆုဟန် – (၂) သိန်း တန်ဖိုးရှိ (3 ply mask)
မခြူခြူး ၊ မနီနီထွန်း – ၁၇၅,၀၀၀ တန်ဖိုးရှိ (3 ply mask)

မြန်မာနိုင်ငံလူငယ် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA)

MYEA Member Portal မှတစ်ဆင့် Online Member Registration ပြုလုပ်နိုင်

March 31st, 2020

      

မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA) ကို အသင်းဝင်ရောက်လိုတဲ့ အသက် (၁၈နှစ်မှ ၄၅)နှစ် အတွင်းရှိ လူငယ် စွန့်ဦးတီထွင်ရှင်များ၊ လုပ်ငန်းရှင်များ၊ လခစားဝန်ထမ်းများပါမကျန် အွန်လိုင်းမှတစ်ဆင့် လွယ်လင့်တကူ အသင်းဝင်နိုင်ရန်အတွက် MYEA Member Portal ကို အသုံးပြုဝင်ရောက်နိုင်သည့် link အား စတင် အသုံးပြုနိုင်ပြီဖြစ်ပါသည်။

             MYEA Member Portal အသုံးပြုပုံ အဆင့်ဆင့်ကို အောက်ပါ အတိုင်း တစ်ဆင့်ချင်း အသုံးပြုနိုင်ပါသည်။

 

🔴 အဆင့် (၁) MYEA Official Website ဖြစ် သည့် www.myea.org.mm ရဲ့ ထိပ်ဆုံးနေရာက (Sign Up Now) ကို Click နှိပ်ပြီး ဝင်ရောက်ခြင်း၊ သို့မဟုတ် https://member.myea.org.mm/Flogin မှ တိုက်ရိုက် လွယ်ကူစွာဝင်ရောက်နိုင်ပါသည်။

 

 

 

 

🔴 အဆင့်(၂) မိမိရဲ့ ဖုန်းနံပါတ်နဲ့အတူ မိမိကြိုက်နှစ်သက်တဲ့ password တစ်ခုကို ဖန်တီးပြီး Account တည်ဆောက်ရမှာဖြစ်ပါတယ်။

 

 

 

 

🔴 အဆင့်(၃) မိမိရဲ့ဖုန်း (SMS Message) အတွင်းသို့ Validate OTP (One Time Password) ကို ပေးပို့မှာဖြစ်ပါသည်။ ထို့နောက် ထိုပေးပို့ထားသည့် နံပါတ်ကို
ထည့်သွင်းပေးရမှာ ဖြစ်ပါသည်။

 

 

 

 

 

🔴 အဆင့် (၄) ယခု Pop-up box ကျလာလျှင် confirm လုပ်ပေးရပါမည်။

 

 

 

 

🔴အဆင့် (၅) အသင်းသို့ မိမိဝင်ရောက်လိုတဲ့ Membership Type နဲ့ Region (ဝင်ရောက်လိုတဲ့အသင်း) တွေကို ရွေးချယ်ရမှာဖြစ်ပါသည်။။ အကယ်၍ သင်က Yangon Region ကိုရွေးချယ်ခဲ့ပါက ရန်ကုန်တိုင်း ဒေသကြီးလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (YRYEA) အသင်းဝင် ဖြစ်ပါသည်။
Mandalay Region ကိုရွေးချယ်ခဲ့ပါက မန္တလေး တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MRYEA) အသင်းဝင် ဖြစ်ပါသည်။
အသင်းဝင်များအနေဖြင့် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင် များအသင်း (MYEA) နှင့် မိမိအသင်းဝင်ထားသည့် သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း နှစ်ခုစလုံးတွင် Dual Member အဖြစ် ရရှိမည်ဖြစ်ပြီး အသင်းဝင်တစ်ယောက်အနေဖြင့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါသည်။

 

 

 

 

🔴အဆင့် (၆) မှာတော့ သင်ရွေးချယ်ခဲ့တဲ့ Regional Association ထဲမှာ သင်ရောက်ရှိနေပြီဖြစ်ကြောင်း ဖော်ပြပေးထားခြင်းဖြစ်ပါသည်။

 

 

 

 

🔴အဆင့် (၇) သည် မဖြစ်မနေ ထည့်သွင်းရမည့် အနီရောင်အချက်ပြ လေးတွေဖြစ်ပြီး သင့်အမည်၊ Profile Picture တို့ကို ထည့်သွင်းပေးရပါမည်။

 

 

 

 

🔴အဆင့် (၈) သည်လည်း ချန်လှပ်မထားဘဲ ထည့်သွင်းပေးရမယ့် အချက်အလက်ဖြစ်ပါသည်။

 

 

 

 

🔴အဆင့် (၉) Others Organization/Association for Associate Member ကိုလည်းပဲ ဖြည့်သွင်းပေးရပါမည်။ အခြားသော အသင်းများ၊ အဖွဲ့အစည်းများတွင် ဝင်ရောက်ထားပါက ဖော်ပြပေးဖို့လိုအပ်တာဖြစ်ပါသည်။

 

 

 

 

🔴အဆင့် (၁၀) ကတော့ သင့်ရဲ့ ထင်မြင်ယူဆချက်တွေနဲ့ အသင်းကို ဘာကြောင့်ဝင်ရောက်လိုတာလဲ မေးခွန်းလေးတွေ ဖြေပေးရမှာ ဖြစ်ပါတယ်။

 

 

 

 

🔴အဆင့် (၁၁) တွင် Pop up window ကျရောက်လာပါမည်။ ထို့နောက် Confirm Button ကို နှိပ်ပေးရမှာဖြစ်ပါသည်။

 

 

 

 

🔴 အဆင့် (၁၂) ယခုခြေအနေသည် သင်ရဲ့ အသင်းဝင်မှတ်ပုံတင်ခြင်းအဆင့်ဆင့် ပြီးစီးသည့် အခြေအနေဖြစ်ပါပြီး အသင်းဘက်မှ သင့်ရဲ့ Online Registration ထံမှ အချက်အလက်များကို စစ်ပေးပြီးနောက် ပြည့်စုံမှန်ကန်ပါက MYEA ဘက်မှ Approve လုပ်ပေးမှာဖြစ်ပါသည်။

 

 

 

 

အသင်းရုံးမှ သင့်ရဲ့ Registration အား အတည်ပြုပေးပြီးပါက သင့်ရဲ့ဖုန်း SMS သို့ “Your membership process is almost finish. Please make a payment” စာတိုရောက်ရှိလာပါမည်။ အသင်းဝင်ကြေးပေးသွင်းရန်လိုအပ်ပြီး သင်ရွေးချယ်ထားတဲ့ အသင်းဝင်အမျိုးအစားအလိုက် အသင်းဝင်ကြေးအား ပေးသွင်းပြီးနောက် MYEA Member Portal ထဲကို အလိုအလျောက်ရောက်ရှိသွားကာ MYEA Work Place Platform မှာလည်း သင့်နာမည်နဲ့ Account တစ်ခုကို အခမဲ့ရရှိပါမည်။

Member Portal အသုံးပြုရာတွင် လိုအပ်ချက်များရှိပါက ဆက်သွယ်စုံစမ်းမေးမြန်းရန်
MYEA Office No.29, Level 11, UMFCCI Tower, Min Yae Kyaw Swar Street, Lanmadaw, Yangon, Myanmar.
(+95-1) 230-1573, 230-1867

“အသင်းဝင်များအတွက် Member Benefit Program” အား စတင်မိတ်ဆက်

March 17th, 2020

MYEA အသင်းချုပ်မှ အသင်းဝင်များ၏အကျိုးခံစားခွင့်များကို အစဉ်အမြဲ ဦးစားပေး စီစဉ်ပေးလေ့ရှိသည့်အတွက် ယခု ၂၀၂၀ နှစ်ဦးပိုင်းမှ စတင်ကာ MYEA အသင်းဝင်(Active Members) များအတွက် (Member Benefit Program) အား Member Affairs Committee ၏ အကောင်အထည်ဖော်ဆောင်ရွက်မှုဖြင့်စီစဉ်ထားရှိပြီး စတင်အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။

      Member Benefits Program သည် MYEA (Active Member) ဖြစ်သူများအားလုံး အတွက် ပညာသင်ဆု အကျိုးခံစားခွင့်များ၊ ကျန်းမာရေး၊ အဝတ်အထည်၊ လူသုံးကုန်ပစ္စည်း များ၊ လက်ဝတ်ရတနာများ၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများ၊ စားသောက်ကုန်များ၊ နည်းပညာ၊ မိုဘိုင်းလ်ဖုန်းနှင့်ဆက်စပ်ဝန်ဆောင်မှုများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများအပြင် ဝန်ဆောင်မှုလုပ်ငန်းမျိုးစုံတွင် အထူးခံစားခွင့် up to 25% အထိ (Special Discount)ထိရရှိ ခံစားနိုင်အောင် စီစဉ်ထားရှိပါသည်။

       ထို့အပြင် အောက်ဖော်ပြပါကုန်အမှတ်တံဆိပ်အသီးသီးမှ သတ်မှတ်ထားရှိသော သက်ဆိုင် ရာနေရာများတွင် MYEA Member Benefit Program Stand or Sticker ဖော်ပြထားရှိ ပေးမှာဖြစ်ကာ အသင်းဝင်များသည် အသင်းဝင်ကတ်(Active member card)အား ပြသပြီး အလွယ်တကူ အကျိုးခံစားခွင့်အား  အကြိမ်အရေအတွက် အကန့်အသတ်မရှိဘဲ အသုံးပြုနိုင်မှာ လည်း ဖြစ်ပါသည်။

      ထို့ကြောင့် အသင်းဝင်များအားလုံးသည် ယခု Member Benefit Program တွင် ရရှိနိုင် မည့် အကျိုးခံစားခွင့်အပြည့်အ၀ရယူလိုပါက   Active Member ြဖစ်ရန် လိုအပ်သဖြင့် နှစ်စဉ် ကြေးပုံမှန်ပေးသွင်းထားရန်လည်း လိုအပ်ပါသည်။

(Member Benefit Program Business Partners)

1. K Future Healthcare Distribution Co., Ltd (Purell)

2. KUDOS To You: Professional Development Academy

3. DMK Myanmar Co., Ltd (My Bird’s Nest)

4. Park Avenue College (Myanmar)

5. American Hospitality Institute of Myanmar (AHIM)

6. Grand Laurel Hotel

7. Mount Mogok Hotel (မိုးကုတ်မြို့)

8. Strategy First University

9. AIM Institute of Management (မန္တလေးမြို့)

10. The Future Education Service, Mandalay (မန္တလေးမြို့)

11. Hti Hlaing Shin Business Group (မန္တလေးမြို့)

12. SP Bakery Co.,Ltd (ရန်ကုန်မြို့၊ မန္တလေးမြို့)

13. OneAdvice Group Company Limited

14. Noble Everest Company Limited

15. Angel Eyes Jewellery

16. Kaplan Myanmar University College

17. Lucky Hotel, Mandalay (မန္တလေးမြို့)

18. Inle Silk & Lotus Online Shop

19. Orient Travel

20. Sense Capital Co.,Ltd

21. Bagan Sense Hotel (ပုဂံ)

22. Pyei Sone Hein Company Limited

23. Dong Peng Myanmar – Yong Xin Group

24. Matrix Institute of Professionals

25. Proven Technology Industry Co.,Ltd

26. Royal Light Company Ltd (မန္တလေးမြို့)

27. Sweet Rose Restaurant

28. Kaizen 10 Minutes Haircut Myanmar

29. Sein & Mya Mattress

30. Mandalay Emperor Co.,Ltd (မန္တလေးမြို့)

31. London Business Academy

32. Little Code Lab Technology and Innovation Center for kids

33. MM Digital Solutions

34. Win Win Jade & Jewellery

MYEA ၏ လစဉ်ကျင်းပပြုလုပ် နေကျဖြစ်သည့် ဗဟိုအလုပ်အမှု ဆောင်၊ အမှုဆောင်နှင့် ကော်မတီများ အစည်းအဝေးပုံမှန်ပြုလုပ်လျှက်ရှိ

March 5th, 2020

မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA) ၏
လစဉ်ကျင်းပပြုလုပ်နေကျဖြစ်သည့် ဗဟိုအလုပ်အမှုဆောင်၊ အမှုဆောင် နှင့် အသင်း၏ ကော်မတီများအစည်းအဝေးကို ပြီးခဲ့သည့် မတ်လ (၆)ရက် နေ့က MYEA အသင်းချုပ်အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။

အစည်းအဝေးသို့ အသင်းချုပ်ဥက္ကဋ္ဌ၊ ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှု ဆောင်များနှင့် ကော်မတီအသီးသီးမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အသင်းချုပ်၏ ရှေ့ဆက်ဆောင်ရွက်နေသည့် စီမံကိန်းများနှင့် ကော်မတီအသီးသီး၏ အသင်း အကျိုးပြုလှုပ်ရှားဆောင်ရွက်မှုတင်ပြခြင်းများအား ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးခန်းမအတွင်းသို့ လူကိုယ်တိုင် မတက်ရောက်နိုင်ကြသည့် ဗဟိုအလုပ်အမှုဆောင်၊ အမှုဆောင်နှင့် အသင်း ၏ ကော်မတီအသီးသီးမှ တာဝန်ရှိသူများအတွက် Video Conferencing စီစဉ်ထားရှိပေးထားကာ Video Conferencing ဖြင့်လည်း တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း
#MYEA

မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA) ၏ ဗဟို အလုပ်အမှုဆောင်၊ အမှုဆောင်များ အစည်းအဝေးကျင်းပ

February 28th, 2020

                        မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA) ၏ လစဉ်ကျင်းပ ပြုလုပ်နေကျဖြစ်သည့် ဗဟိုအလုပ်အမှုဆောင်၊ အမှုဆောင်များ အစည်းအဝေးအား ဖေဖော်ဝါရီ လ (၇)ရက်နေ့က အသင်းချုပ်အစည်းအဝေးခန်းမတွင် ကျင်းပြုလုပ်ခဲ့ပါသည်။               အစည်းအဝေးသို့ အသင်းချုပ်ဥက္ကဋ္ဌ၊ ညီနောင် တိုင်း/ပြည်နယ်အသင်းခွဲများမှ စီမံခန့်ခွဲရေးကော်မတီဝင်များ၊ အလုပ်အမှုဆောင်များနှင့် ကော်မတီအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

 

မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း #MYEA #ARYEA #MRYEA #MSYEA #SSYEA #YRYEA Image may contain: 8 people, people sitting, table and indoor

MYEA နှင့် Center for International Private Enterprise (CIPE)တို့ ပူးပေါင်း၍ Project စတင်လုပ်ဆောင်

February 27th, 2020

      

           မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း(MYEA)မှ လူငယ်စွန့်ဦးတီ ထွင် လုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခိုင်မာသော Entrepreneurship Ecosystem ကို တည်ဆောက်ရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းလျှက်ရှိရာ ယခုအခါ အမေရိကန် အခြေ စိုက် Center for International Private Enterprise (CIPE) နှင့် ပူးပေါင်း၍ အသင်း၏ အနာဂတ်အတွက် လွန်စွာအရေးပါသော ဖွဲ့စည်းပုံ ပိုမိုခိုင်မာရေးနှင့် အသင်းသားများအတွက် ပိုမိုအကျိုးရှိစွာ အထောက်အပံ့ပေးနိုင်ရေးတို့အတွက် ရည်ရွယ်သည့် Project ကို စတင်လုပ်ဆောင်လျှက်ရှိပါသည်။
                 ယခု Project အတွက် CIPE အနေဖြင့် အသင်းသားများထံမှ MYEA အသင်းကြီး နှင့် ပတ်သက်သည့် ထင်မြင်ယူဆချက်များ၊ ရှေ့ရှုဆောင်ရွက်ချက်များကို ပိုမိုသိရှိ နားလည်နိုင် စေရန် ဖေဖော်ဝါရီလ ၁၉၊ ၂၀၊ ၂၁၊ ၂၂ ရက်များက CIPE Diagnosis Meetings များကို UMFCCI, 11 လွှာ၊ MYEA Office အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးများသို့ MYEA ၏ စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များ၊ ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ ညီနောင် တိုင်း/ပြည်နယ် အသင်းများမှ တာဝန်ရှိသူများ၊ အသင်းဝင် များ၊ MYEA Office မှ ရုံးအဖွဲ့ဝင်များ နှင့် CIPE မှတာဝန်ရှိသူတို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

CIPE Background
             CIPE သည် 1983 တွင် အမေရိကန်သမ္မတ ရော်နယ်ရီဂင် (Ronald Reagan) ကဖွဲ့စည်းတည်ထောင်ခဲ့ပြီး National Endowment for Democracy ၏အဓိက institute တစ်ခုဖြစ်ကာ U.S Chamber of Commerce ၏ affiliate တစ်ခုလည်းဖြစ် ပါသည်။ အမေရိကန်အခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်သော CIPE သည် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်လာရေးနှင့် ကောင်းမွန်သည့် ပတ်ဝန်းကျင် ဖန်တီးပေးရေးကို အဓိကထား သည့် အဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။ CIPE သည် Democratic Governance , Entrepreneurship, open trade ,Corruption တို့ကိုအဓိကထားပြီး ဒေသအလိုက် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြောင်းလဲမှုများ ဖြစ်ပေါ်လာရန် ကြိုးပမ်းလျှက်ရှိကာ လက်ရှိတွင် CIPE သည်နိုင်ငံပေါင်း 50 ကျော်၌ project ပေါင်း 150 ကျော်ကို ဆောင်ရွက်လျှက်ရှိနေပါသည်။

#MYEA (ြမန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း)