❝10th 𝐀𝐧𝐧𝐮𝐚𝐥 𝐆𝐞𝐧𝐞𝐫𝐚𝐥 𝐌𝐞𝐞𝐭𝐢𝐧𝐠, Gathering of Visionaries – Uniting for Impact & 𝐆𝐚𝐥𝐚 𝐃𝐢𝐧𝐧𝐞𝐫 ပွဲကြီး အောင်မြင်စွာ ကျင်းပပြီးစီးခြင်း ❞

September 29th, 2025

❝10th 𝐀𝐧𝐧𝐮𝐚𝐥 𝐆𝐞𝐧𝐞𝐫𝐚𝐥 𝐌𝐞𝐞𝐭𝐢𝐧𝐠, Gathering of Visionaries – Uniting for Impact & 𝐆𝐚𝐥𝐚 𝐃𝐢𝐧𝐧𝐞𝐫 ပွဲကြီး အောင်မြင်စွာ ကျင်းပပြီးစီးခြင်း ❞

မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း (MYEA) ၏ ဒသမအကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေး နှင့် Gathering of Visionaries – Uniting for Impact & 𝐆𝐚𝐥𝐚 𝐃𝐢𝐧𝐧𝐞𝐫 ပွဲကြီးကို
📅 ၂၀၂၅ ခုနှစ် စက်တင်ဘာလ (၂၈) ရက်နေ့
📍 ရန်ကုန်မြို့၊ Novotel Yangon Max Hotel (Yangon Ballroom) ၌ ဖျော်ဖြေရေးအစီအစဉ်များ၊ ဂုဏ်ပြုချီးမြှင့်ခြင်းအစီအစဉ်များဖြင့်စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး MYEA အသင်းသားများ၊ ဒေသဆိုင်ရာ အသင်းခွဲများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များစုစည်းစုံညီစွာဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

🙏 MYEA ၏ ဒသမအကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးနှင့် Gathering of Visionaries – Uniting for Impact & 𝐆𝐚𝐥𝐚 𝐃𝐢𝐧𝐧𝐞𝐫 အစီအစဉ်ကို အောင်မြင်စွာ ကျင်းပနိုင်ရန် အတူတကွ ပါဝင်ကူညီပံ့ပိုးပေးသော
⭐ Main Sponsor
💎 Diamond Sponsors
🏆 Platinum Sponsors
🥇 Gold Sponsors
🥈 Silver Sponsors
ကုမ္ပဏီမိတ်ဖက်များအား လေးစားစွာဖြင့် ကျေးဇူးအထူးတင်ရှိပါသည်။

𝐆𝐚𝐭𝐡𝐞𝐫𝐢𝐧𝐠 𝐨𝐟 𝐕𝐢𝐬𝐢𝐨𝐧𝐚𝐫𝐢𝐞𝐬 – 𝐔𝐧𝐢𝐭𝐢𝐧𝐠 𝐟𝐨𝐫 𝐈𝐦𝐩𝐚𝐜𝐭 ပွဲကြီးအား အောင်မြင်စွာ ကျင်းပပြုလုပ်ပြီးစီးခြင်း

September 29th, 2025

𝐆𝐚𝐭𝐡𝐞𝐫𝐢𝐧𝐠 𝐨𝐟 𝐕𝐢𝐬𝐢𝐨𝐧𝐚𝐫𝐢𝐞𝐬 – 𝐔𝐧𝐢𝐭𝐢𝐧𝐠 𝐟𝐨𝐫 𝐈𝐦𝐩𝐚𝐜𝐭 ပွဲကြီးအား အောင်မြင်စွာ ကျင်းပပြုလုပ်ပြီးစီးခြင်း

Myanmar Young Entrepreneurs Association (𝐌𝐘𝐄𝐀) မှ ကြီးမှူးကျင်းပခဲ့သော 𝐆𝐚𝐭𝐡𝐞𝐫𝐢𝐧𝐠 𝐨𝐟 𝐕𝐢𝐬𝐢𝐨𝐧𝐚𝐫𝐢𝐞𝐬 – 𝐔𝐧𝐢𝐭𝐢𝐧𝐠 𝐟𝐨𝐫 𝐈𝐦𝐩𝐚𝐜𝐭 အစီအစဉ်ကို September 28, 2025 ရက် ရန်ကုန်မြို့၊ Novotel Yangon Max Hotel, Yangon Ballroom တွင် မြန်မာနိုင်ငံ၏စျေးကွက်စီးပွားရေးအခြေအနေနှင့် မိမိလုပ်ငန်းကို ပြည်တွင်းဒေသများသို့ စျေးကွက်ချဲ့ထွင်ခြင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခွင့်အလမ်းများနှင့် ခေါင်းဆောင်မှုအတွေ့အကြုံများအား ဆွေးနွေးမှုများကို Panel Discussion • Business Link-up • Gala Dinner အစီအစဉ်များဖြင့် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

🎤 Panel Discussion
ခေါင်းစဉ် – “Visionaries in Action: Myanmar’s Market Potential & Regional Collaboration” ခေါင်းစဉ်အား
Panelists များအဖြစ်
• ဦးဝေဖြိုး (Managing Director, Yathar Cho Industry Co., Ltd)
• ဒေါ်ဝင်းဝင်းတင့် (Group Chief Executive Officer, City Mart Holding Co., Ltd)
• ဒေါ်စောနေနွယ် (Co-founder & Group Vice Chairwoman, Pacific AA Group) တို့နှင့်
Moderator အဖြစ်
• ဦးသူရိန်အောင် (Chief Executive Officer, Dagon International Ltd) မှ ပါဝင်ဆွေးနွေး ပြောကြားသွားခဲ့ပါသည်။

🤝 Business Link-Up 2025
ပြည်တွင်းသာမက ASEAN နိုင်ငံများရှိ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ စီးပွားရေးကဏ္ဍ အသီးသီးမှခေါင်းဆောင်များနှင့် တွေ့ဆုံပြီး စျေးကွက်ချဲ့ထွင်နိုင်ခြင်းနှင့် အခွင့်အလမ်းအသစ်များ မိတ်ဆွေသစ်များတိုးပွါးစေမည့် Business Link-Up 2025 အစီအစဉ်တွင် ပြည်တွင်း ပြည်ပ သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ လုပ်ငန်းရှင်များ၊ MYEA နှင့် ဒေသဆိုင်ရာ အသင်းခွဲများမှ အသင်းသူ အသင်းသားများ တွေ့ဆုံမိတ်ဆက် ဆွေးနွေးခဲ့ကြပါသည်။

🙏 MYEA အသင်း၏ ဒသမအကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးနှင့်
𝐆𝐚𝐭𝐡𝐞𝐫𝐢𝐧𝐠 𝐨𝐟 𝐕𝐢𝐬𝐢𝐨𝐧𝐚𝐫𝐢𝐞𝐬 – 𝐔𝐧𝐢𝐭𝐢𝐧𝐠 𝐟𝐨𝐫 𝐈𝐦𝐩𝐚𝐜𝐭 အစီအစဉ်ကို အောင်မြင်စွာ ကျင်းပနိုင်ရန် အတူတကွ ပါဝင်ကူညီပံ့ပိုးပေးသော
⭐ Main Sponsor
💎 Diamond Sponsors
🏆 Platinum Sponsors
🥇 Gold Sponsors
🥈 Silver Sponsors
ကုမ္ပဏီမိတ်ဖက်များအား လေးစားစွာဖြင့် ကျေးဇူးအထူးတင်ရှိပါသည်။

မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း ၏ ဒသမအကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

September 29th, 2025

မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း ၏ ဒသမအကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီး
မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA) ၏ ဒသမအကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့တွင် ရန်ကုန်မြို့၊ Novotel Yangon Max Hotel ရှိ Yangon Ballroom ၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) မှ ဒုဥက္ကဌ ဒေါက်တာ ဝင်းစည်သူနှင့် အလုပ်အမှုဆောင်များ၊ မိတ်ဖက်အသင်းများမှ ဥက္ကဌများနှင့် အလုပ်အမှုဆောင်များ၊ MYEA ၏ ဒေသဆိုင်ရာ အသင်းခွဲများဖြစ်သည့် MRYEA, SSYEA, ARYEA, MSYEA, YRYEA တို့မှ ဥက္ကဌများနှင့် အလုပ်အမှုဆောင်များ၊ MYEA အသင်းသားများနှင့် ဖိတ်ကြားထားသော အထူးဧည့်သည်တော်ကြီးများ စုံညီစွာ တက်ရောက်ချီးမြှင့်ခဲ့ကြပါသည်။
နှစ်ပတ်လည် အစည်းအဝေးပွဲ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း မှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) မှ ဒုဥက္ကဌ ဒေါက်တာ ဝင်းစည်သူ မှ အမှာစကား ပြောကြားပေးပြီး မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA) ဥက္ကဌ ဒေါ်သင်းသင်းကျော် မှ နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် အထွေထွေအတွင်းရေးမှူး ဒေါက်တာ အောင်မြတ်လွင်မှ နှစ်ပတ်လည်အစီရင်ခံစာကို ဖတ်ကြားတင်ပြပြီး သဘောထားခံယူခဲ့ပါသည်။ ဆက်လက်၍ May & Partners Audit Firm မှ မမေသူလှိုင်မှ ဘဏ္ဍာရေးရှင်းတမ်းကို ဖတ်ကြားတင်ပြခဲ့ပါသည်။ အခမ်းအနားကို MYEA ဒုတိယဥက္ကဌ ဒေါက်တာ သီသီခိုင် မှ ကျေးဇူးတင်စကား ပြောကြားခြင်းဖြင့် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပြီး၊ တက်ရောက်လာကြသော ဖိတ်ကြားထားသည့် အထူးဧည့်သည်တော်များနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။
ဒသမအကြိမ်မြောက် မြန်မာနိုင်ငံစွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၏ နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးပွဲကို အဘက်ဘက်မှ ပါဝင်ကူညီပံ့ပိုးပေးကြသော Main Sponsor, Diamond Sponsors, Platinum Sponsors, Gold Sponsors နှင့် Silver Sponsors ကုမ္ပဏီမိတ်ဖက်များအား ကျေးဇူးအထူးတင်ရှိပါကြောင်းမှတ်တမ်းတင်အပ်ပါသည်။

မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA) ရဲ့ ဒသမအကြိမ်မြောက်အသင်းသားစုံညီအစည်းအဝေးပွဲကြီးနှင့်အတူ ပြုလုပ်ခဲ့တဲ့ Industry Immersion & Factory Access အစီအစဉ်

September 28th, 2025

𝖬𝖸𝖤𝖠 ဒေသဆိုင်ရာ အသင်းခွဲများမှ အသင်းသူ အသင်းသားများ အတူတကွသွားရောက်လေ့လာခဲ့ကြတဲ့ 𝖨𝗇𝖽𝗎𝗌𝗍𝗋𝗒 𝖨𝗆𝗆𝖾𝗋𝗌𝗂𝗈𝗇 & 𝖥𝖺𝖼𝗍𝗈𝗋𝗒 𝖠𝖼𝖼𝖾𝗌𝗌 𝖯𝗋𝗈𝗀𝗋𝖺𝗆
မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA) ရဲ့ ဒသမအကြိမ်မြောက်အသင်းသားစုံညီအစည်းအဝေးပွဲကြီးနှင့်အတူ ပြုလုပ်ခဲ့တဲ့ Industry Immersion & Factory Access အစီအစဉ်မှာ
🔹Diamond Star ဂျုံမှုန့်စက်ရုံ
🔹Diamond Printing
🔹Boss Stationary ထုတ်လုပ်ရေးနဲ့ Deli Stationary ဖြန့်ချီရေးလုပ်ဆောင်တဲ့ Beauty World Company၊
🔹ချုပ်ထည်တွေကို ဥရောပသို့ ထုတ်လုပ်ဖြန့်ချီတဲ့ SMT အထည်ချုပ်လုပ်ငန်းစတဲ့စက်ရုံတွေကို Group နှစ်ခုခွဲပြီးသွားရောက်လေ့လာခဲ့ကြပါတယ်။
Factory Visit လိုက်ပါသူများအနေနဲ့ ထုတ်ကုန်များနဲ့ပတ်သက်ပြီး လေ့လာသင်ယူစရာများစွာနဲ့ ဗဟုသုတများစွာရရှိခဲ့ပြီး မိတ်ဆွေများလည်းတိုးပွါးခဲ့ကြမယ်လို့ ယုံကြည်ပါတယ်။
MYEA ကစီစဉ်တဲ့ Factory Visit အစီအစဉ်မှာ သေချာလေ့လာနိုင်အောင် စီစဉ်ဆောင်ရွက်ပေးကြတဲ့ Diamond Star, Diamond Printing, Beauty World Company နဲ့ SMT Company တို့ကို ကျေးဇူးအထူးတင်ရှိပါတယ်။
မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA) သို့ဝင်ရောက်လိုသူများ messenger ကနေသော်လည်းကောင်း ဖုန်းဆက်ရျ်သော်လည်းကောင်း မေးမြန်းလျှောက်ထားနိုင်ပါတယ်။
ဆက်သွယ်စုံစမ်းရန်
Email – office@myea.org
Phone – +959 765 000 649, +959 765 000 719

❝ ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း​၏ တတိယအကြိမ် နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေး အောင်မြင်စွာကျင်းပပြီးစီး ❞

September 14th, 2025

▪️(𝐘𝐑𝐘𝐄𝐀) ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းကြီး​၏ တတိယအကြိမ်မြောက် အသင်းသားစုံညီနှစ်ပတ်လည် အထွေထွေအစည်းအဝေးပွဲအား (၁၃.၉.၂၀၂၅) ရက်နေ့တွင် မင်္ဂလာခန်းမ၊ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) တွင် အသင်းသူ/သားများ, မိတ်ဆွေများနှင့်အတူ စုံစုံညီညီဖြင့် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။
▪️အသင်းကြီးအတွက် ပါဝင်ကူညီပံ့ပိုးပေးကြသော Gold Sponsor, Platinum Sponsor & Silver Sponsor ကုမ္ပဏီမိတ်ဖက်များအား အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

❝ 𝐘𝐚𝐧𝐠𝐨𝐧 𝐑𝐞𝐠𝐢𝐨𝐧 𝐘𝐨𝐮𝐧𝐠 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐢𝐨𝐧 𝟯𝗿𝗱 𝐀𝐧𝐧𝐮𝐚𝐥 𝐆𝐞𝐧𝐞𝐫𝐚𝐥 𝐌𝐞𝐞𝐭𝐢𝐧𝐠 & 𝐆𝐚𝐥𝐚 𝐃𝐢𝐧𝐧𝐞𝐫 ပွဲကြီးအောင်မြင်စွာကျင်းပပြီးစီးခြင်း ❞

September 13th, 2025

▪️ရန်ကုန်တိုင်း​ဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (𝗬𝗥𝗬𝗘𝗔) မှ (၁၃.၉.၂၀၂၅) ရက်နေ့၊ Novotel Hotel တွင် 𝟯𝗿𝗱 𝗔𝗻𝗻𝘂𝗮𝗹 𝗚𝗲𝗻𝗲𝗿𝗮𝗹 𝗠𝗲𝗲𝘁𝗶𝗻𝗴 & 𝗚𝗮𝗹𝗮 𝗗𝗶𝗻𝗻𝗲𝗿 𝟐𝟎𝟐𝟓 ပွဲကြီးအား အသင်းသူ/သားများ, မိတ်ဆွေများနှင့်အတူ စုံစုံညီညီဖြင့် ပျော်ရွှင်စွာနဲ့ စည်ကားသိုက်မြိုက်အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။

▪️အသင်းကြီးအတွက် ပါဝင်ကူညီပံ့ပိုးပေးကြသော Gold Sponsor, Platinum Sponsor & Silver Sponsor ကုမ္ပဏီမိတ်ဖက်များအား အထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။

“𝐌𝐘𝐄𝐀 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐆𝐫𝐨𝐰𝐭𝐡 𝐈𝐧𝐢𝐭𝐢𝐚𝐭𝐢𝐯𝐞𝐬 𝟐𝟎𝟐𝟓” ပွဲကြီးအား ပုသိမ်မြို့၌ 𝐀𝐑𝐘𝐄𝐀 မှဦးစီး၍ အောင်မြင်စွာကျင်းပပြီးစီး

August 28th, 2025

“𝐌𝐘𝐄𝐀 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 𝐆𝐫𝐨𝐰𝐭𝐡 𝐈𝐧𝐢𝐭𝐢𝐚𝐭𝐢𝐯𝐞𝐬 𝟮𝟬𝟮𝟱” ပွဲကြီးတွင် “𝐓𝐮𝐫𝐧𝐢𝐧𝐠 𝐂𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞𝐬 𝐢𝐧𝐭𝐨 𝐎𝐩𝐩𝐨𝐫𝐭𝐮𝐧𝐢𝐭𝐢𝐞𝐬: 𝐓𝐡𝐞 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫𝐢𝐚𝐥 𝐌𝐢𝐧𝐝𝐬𝐞𝐭 𝐟𝐨𝐫 𝐓𝐨𝐮𝐠𝐡 𝐓𝐢𝐦𝐞𝐬” ခေါင်းစဉ်ဖြင့် 𝐌𝐚𝐢𝐧 𝐒𝐩𝐞𝐚𝐤𝐞𝐫 အဖြစ်ပါဝင်ကူညီဟောပြောပေးခဲ့ပါသော 𝐔 𝐇𝐭𝐮𝐧 𝐇𝐭𝐮𝐧 𝐍𝐚𝐢𝐧𝐠, 𝐅𝐨𝐫𝐦𝐞𝐫 𝐏𝐫𝐞𝐬𝐢𝐝𝐞𝐧𝐭 𝐨𝐟 𝐌𝐘𝐄𝐀 နှင့် 𝐌𝐨𝐝𝐞𝐫𝐚𝐭𝐨𝐫 အဖြစ်ပါဝင်ကူညီပေးခဲ့ပါသော 𝐔 𝐘𝐞 𝐍𝐚𝐢𝐧𝐠, 𝐕𝐢𝐜𝐞 𝐏𝐫𝐞𝐬𝐢𝐝𝐞𝐧𝐭 𝐨𝐟 𝐀𝐑𝐘𝐄𝐀 တို့အား 𝐌𝐘𝐄𝐀 အထူးပင်ကျေးဇူးတင်ရှိပါသည်။

“အထူးဂုဏ်ယူဝမ်းမြောက်ခြင်း”

January 6th, 2021

 

  •  နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သဘင်ဆောင်တွင် ဇန်နဝါရီလ (၄) ရက်နေ့၊ နံနက် (၉) နာရီက ကျင်းပခဲ့သည့် ၂၀၂၁ ခုနှစ် အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားတွင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က MYEA၏နာယက ဦးအောင်ကိုဝင်း (Chairman Emeritus of KBZ Group/KBZ Bank) အား “သရေစည်သူဘွဲ့”ကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
  • ဦးအောင်ကိုဝင်းသည် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာတာဝန်ကို “ပထမ” နေရာမှ ဝင်ငွေခွန် အများဆုံး (၈) ထပ်ကွမ်း ထမ်းဆောင်ခဲ့ခြင်း၊ နိုင်ငံတော်နှင့် ပြည်သူအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူမျိုးမရွေး၊ ဘာသာမရွေး၊ နေရာဒေသမရွေးတွင် ကျပ်ငွေ (၁၈၀) ဘီလီယံကျော်အထိ သဒ္ဓါထက်သန်စွာ လှူဒါန်းခဲ့ခြင်းစသည်တို့ကြောင့် မြန်မာနိုင်ငံသမိုင်းတွင် အရပ်ဘက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအနက် ပထမဆုံးနှင့် အမြင့်ဆုံးဖြစ်သည့်”သရေစည်သူဘွဲ့”ကို ချီးမြှင့်ခံရခြင်းဖြစ်ပါသည်။
  • ဦးအောင်ကိုဝင်း ပေးအပ်ချီးမြှင့်ခြင်းခံရသော “သရေစည်သူ” ဘွဲ့ (Pyidaungsu Sithu Thingaha, Order of the Republic of the Union of Myanmar) သည် နိုင်ငံတော်နှင့် ပြည်သူအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ချက်ရှိသော အရပ်ဘက်နှင့် တပ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်ကိုသာ ရွေးချယ်ချီးမြှင့်သည့် “ပြည်ထောင်စု စည်သူသင်္ဂဟ ဂုဏ်ထူးဆောင်ဘွဲ့” ဖြစ်သည့်အတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် နိုင်ငံတော်အကျိုးပြု၊ ပြည်သူအကျိုးပြု ကဏ္ဍအသီးသီး၌လည်းဆက်လက်၍ဆထက်ထမ်းပိုး အကျိုးပြုနိုင်ပါစေကြောင်း လှိုက်လှဲစွာ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (#MYEA)
#ARYEA #MRYEA #MSYEA #SSYEA #YRYEA
—————
ZawGyi Version
MYEA ၏ နာယက ဝဏ္ဏကျော်ထင်၊ စည်သူ ဦးအောင်ကိုဝင်း (Chairman Emeritus of KBZ Group/KBZ Bank) အား နိုင်ငံတော်မှ ပြည်ထောင်စုစည်သူ သင်္ဂဟဘွဲ့တစ်ခုဖြစ်သည့် “သရေစည်သူဘွဲ့”
ကို ဂုဏ်ပြုချီးမြှင့်ပေးအပ်ခြင်းခံရသည့်အတွက် အထူး ဂုဏ်ယူဝမ်းမြောက်ခြင်း

“အထူးဂုဏ်ယူဝမ်းမြောက်ခြင်း”

January 6th, 2021
  • မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း(MYEA) ၏ ဒုတိယဥက္ကဌဟောင်းနှင့် Alumni Member ဖြစ်သူ “သီရိသုဓမ္မမဏိဇောတဓရ ဦးဇေယျသူရမွန်” (Chairman & CEO) (RGK+ZNA) အား ၂၀၂၁ ခုနှစ်၊ (၇၃) နှစ်မြောက်လွတ်လပ်ရေးနေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတရုံးအမိန့်ကြော်ငြာစာ အမှတ် ၁/၂၀၂၁ ဖြင့် “အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ်”ကို ထပ်မံ၍အသိအမှတ် ပြုပေးအပ်ချီးမြှင့်ခြင်းခံရသဖြင့်အထူးပင်ဂုဏ်ယူဝမ်းမြောက်မိပါသည်။
  • နိုင်ငံတော်နှင့်လူမျိုး၊ ဘာသာ၊ သာသနာအကျိုးပြု ကဏ္ဍအသီးသီး၌လည်း ဆက်လက်၍ ဆထက်ထမ်းပိုးအကျိုးပြု နိုင်ပါစေကြောင်း လှိုက်လှဲစွာ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း(#MYEA)
#ARYEA #MRYEA #MSYEA #SSYEA #YRYEA
————
ZawGyi Version
 

Global Entrepreneurship Week 2020

November 3rd, 2020
Global Entrepreneurship Week ပြန်လာပါပြီ။
 
 
 ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ် နိုဝင်ဘာလ ဒုတိယအပတ်မှာ ကျင်းပလေ့ရှိတဲ့ စွန့်ဦးတီထွင် ရက်သတ္တပတ် “Global Entrepreneurship Week” ကို ယခုနှစ် နိုဝင်လာလ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။
 
 မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းကယခင်နှစ်များအတိုင်းNational Host အဖြစ် တာဝန်ယူ ဦးဆောင်ကျင်းပပေးသွားမှာပဲ ဖြစ်ပါတယ်။
 ယခုနှစ် GWE ၂၀၂၀ ရဲ့ ဆောင်ပုဒ်ကတော့“Education, Ecosystem, Inclusion, Policy” ဖြစ်ပါတယ်။ ယခုနှစ် စွန့်ဦးတီထွင် ရက်သတ္တပတ်အတွင်း အထက်ပါ ကဏ္ဍ ၄ ခုဖြစ်တဲ့“ပညာရေး၊ ဂေဟစနစ်၊ အားလုံးပူးပေါင်းပါဝင်ခြင်း၊ မူဝါ ဒ ကဏ္ဍ့ ” မှာ စွန့်ဦးတီထွင်သူများ ပိုမိုမွေးထုတ်နိုင်စေရန်၊ စွန်ဦးတီထွင်မှုကို ပိုမိုအားပေး အားမြှောက်ပြုလာစေရန်အတွက် ကျွန်တော်တို့ရဲ့ ပြည်တွင်းမှာရှိတဲ့ လူငယ်များ၊ စွန့်ဦးတီထွင်သူများ၊ အဖွဲ့အစည်းများရဲ့ အသံများ၊ လုပ်ဆောင်ချက်များကို ယခုရက်သတ္တပတ်အစီအစဉ်ကနေ ထုတ်ဖော်ပြသနိုင်ဖို့ဘဲဖြစ်ပါတယ်။
 
 ယခုအချိန်မှာ ကမ္ဘာ့ကပ်ရောဂါ Covid-19 ကို အခြားနိုင်ငံများ နည်းတူ မိမိတို့နိုင်ငံတွင်လည်းရင်ဆိုင်နေရတာဖြစ်လို့ ယခုနှစ် စွန့်ဦးတီထွင်ရက်သတ္တပတ်မှာတော့ ကျွန်တော်တို့ရဲ့ အခမ်းအနားများ အားလုံးကို Virtual Event အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ကျင်းပပြုလုပ်ဖို့ စီစဉ်ထားရှိပါတယ်။
ထို့အတွက်ကြောင့် ယခင်နှစ်များက ပူးပေါင်းပါဝင်ခဲ့ကြတဲ့ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ၊ ပုဂ္ဂိုလ်များသာမက အခြားစိတ်ဝင်တစ်စား ပူးပေါင်းပါဝင်လိုသူများကိုလည်း ဝမ်းမြောက်ဝမ်းသာစွာဖြင့်ပါဝင်စီစဉ် ဆင်နွှဲကြဖို့ လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါတယ်။
 
အလုပ်အမှုဆောင်အဖွဲ့
မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း