MYEA Pitching 6

Pitching ပွဲ၏ရည်ရွယ်ချက်မှာ Pitcher များနှင့် ထို Pitcher ၏ အစီအစဉ် အမြော်အမြင်ရှိမှု တို့ကို စိတ်ဝင်စား ယုံကြည်မှုရှိသည့် Investor တို့ကြား ချိတ်ဆက်ပေးရန်ဖြစ်ပါသည်။
ဆဋ္ဌမအကြိမ်မြောက် MYEA Pitching ပွဲကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့တွင် Global Entrepreneur Week (GEW- ကမ္ဘာလုံးဆိုင်ရာစွန့်ဦးတီထွင်သူများ ရက်သတ္တပတ်)၌ အဆင့်(၃)ဆင့်ဖြင့်ထည့်သွင်းကျင်းပ သွားပါမည်။ အဆင့် (၁) Challenge တွင် Register လုပ်ထားသော Pitchers အားလုံးမှ ၅မိနစ်ကြာ presentation တစ်ခုစီဖြင့် ပါဝင်ယှဉ်ပြိုင်ရမည် ဖြစ်ပါသည်။ ယှဉ်ပြိုင်သူများအနက်မှ Final ပွဲစဉ်အတွက် စကာတင် (၁၀)ဦး ရွေးချယ်သွားမည် ဖြစ်ပါသည်။ Challenge ကို စက်တင်ဘာလ (၂၈)ရက်နေ့တွင် က ျင်းပမည် ဖြစ်ပါသည်။ Challenge တွင် အောင်မြင်ပြီးသော Pitchers များအနေဖြင့် အဆင့် (၂) Training Program တွင် ဆက်လက်ပါဝင်နိုင်မည်ဖြစ်ပါသည်။ Training (၄) ကြိမ်ပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာ lectures များ၊ mentoring နှင့် coaching program များပါဝင်မည် ဖြစ်ပါသည်။
အဆင့် (၃) Final Ptiching ကို နိုဝင်ဘာ (၁၅)ရက် နေ့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး ပြည်တွင်း ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများနှင့် တွေ့ဆုံပေးသွားမည် ဖြစ်ပါသည်။
ပါဝင်လိုသော Entrepreneurs များ အနေဖြင့် အောက်ပါ link တွင် စက်တင်ဘာလ (၂၆) ရက်နေ့ အထိRegister ပြုလုပ်နိုင်ပါသည်။
ပါဝင်လိုသော Entrepreneurs များအနေဖြင့် https://tinyurl.com/afc-pitch6 တွင် Register ပြုလုပ်နိုင်ပြီး၊ အသေးစိတ်သိရှိလိုပါက MYEA (Access to Finance Committee)ဖုန်း ဝ၉၅၆၆၁၂၄၄(သို့)Email-af@myea.org.mmသို့ဆက်သွယ် စုံစမ်းနိုင်ပါသည်။