MYEA Pitching #6 ပွဲ ကျင်းပပြုလုပ်

မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းမှဦးဆောင်၍

Pitching #6 ပွဲကို ရန်ကုန်မြို့ ဧရာဝတီဘဏ်ရုံးချုပ် (ဆူးလေ) ၊

ပုသိမ်ခန်းမ၌ နိုဝင်ဘာလ (၁၄)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
Pitching ဆိုသည်မှာမိမိတို့၏ကုန်ပစ္စည်း၊အကြံဉာဏ်စိတ်ကူးများ၊

ဈေးကွက်လိုအပ်မှုတွေ့ရှိချက်တစ်ခုခုကိုအကောင်အထည်ဖော်ရန်

(သို့မဟုတ်)တိုးချဲ့ရန် အရင်းအနှီးကို စိတ်တူကိုယ်တူ အကျိုးတူ

စီးပွားဖက်ကို ချိတ်ဆက်ဆောင်ရွက်ရန် ရှာဖွေခြင်းဖြစ်ပါသည်။
ပါဝင်ပြသသောကုမ္ပဏီများအနေဖြင့် Pitching #6 ၏ပဏာမ

Challenge ပွဲမှ စကာတင် ကုမ္ပဏီ (၁၀) ခုအဖြစ်ရွေးချယ်ခံခဲ့ရခြင်းဖြစ်ပြီး

နောက်ဆုံးပွဲမတိုင်ခင် Training ၄ကြိမ် သင်တန်းပေးပြီးနောက်

ရင်းနှီးမြှုပ်နှံသူများနှင့် တွေ့ဆုံပေးခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါပွဲသို့

မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း(MYEA)မှ

ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်များ ၊ MYEA ( Access to Finance Committee ) မှ

အဖွဲ့ဝင်များ ၊ ဖိတ်ကြားထားသော ရင်းနှီးမြှုပ်နှံသူများ ၊ဧည့်သည်တော်များနှင့်

ပါဝင်ပြသသည့် Startup ကုမ္ပဏီ(၁၀)ခု တို့မှ တက်ရောက်ခဲ့ကြပါသည်။