MYEA၏ Member Affairs Committee နှင့် MRYEAတို့ပူးပေါင်းစီစဉ်ကျင်းပသည့် “MYEA Members Day” အခမ်းအနားကျင်းပပြုလုပ်

မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း(MYEA) ၏ Member Affairs Committee နှင့် မန္တလေးတိုင်းဒေသကြီးလူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း (MRYEA) တို့ပူးပေါင်းစီစဉ်ကျင်းပသည့် “MYEA Members Day” အခမ်းအနားအား ပြီးခဲ့သည့် ဇန်နဝါရီလ (၃၁) ရက်နေ့က မန္တလေးမြို့ရှိ Hilton Mandalay Hotel တွင် ကျင်းပပြု လုပ်ခဲ့ပြီး Honorable Speaker အဖြစ် ဦးချစ်ခိုင်- Chairman (Eden Group Co.,Ltd) မှ “Inspirational Talk” ြဖင့်ကူညီဆောင်ရွက်ပေးခဲ့ကာ MYEA အသင်းချုပ်ဥက္ကဋ္ဌ ဦးအောင်သူရ နှင့် MRYEA ဥက္ကဋ္ဌ ဒေါ်သင်း သင်းကျော်တို့မှလည်း တက်ရောက် အမှာစကားပြောကြားခဲ့ပြီး Member Affairs Committee ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးမှလည်း ကျေးဇူးတင်စကားပြောကြား ခဲ့ပါသည်။

ယင်းအခမ်းအနားသို့ အထူးဖိတ်ကြားထားသော ဧည့်သည်တော် များ၊ ညီနောင် တိုင်း/ပြည်နယ် အသင်းခွဲများဖြစ်ကြသည့် မန္တလေးတိုင်းဒေသကြီး လူငယ်စွန့် ဦးတီထွင် လုပ်ငန်းရှင်များအသင်း (MRYEA)၊ ဧရာ၀တီတိုင်း ဒေသကြီးလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင် များအသင်း (ARYEA),မွန်ပြည်နယ်လူငယ် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MSYEA), ရှမ်းပြည်နယ်လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (SSYEA) နှင့် ရန်ကုန်တိုင်း ဒေသကြီးလူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်များအသင်း(YRYEA) တို့မှ အသင်းသူ၊ အသင်းသား များလည်း တက်ရောက်ခဲ့ကြပါသည်။

မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA)