မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း(MYEA)မှ ဦးဆောင်၍ကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် Pitching 6 Challenge ဆွေးနွေးပွဲကို ရန်ကုန် မင်းဓမ္မလမ်းရှိ SME Center ဒုတိယထပ် Function Hall တွင် ယနေ့ကျင်းပခဲ့သည်။ Pitching ဆိုသည်မှာ မိမိတို့၏ကုန်ပစ္စည်း၊ အကြံဉာဏ်စိတ်ကူးများ၊ ဈေးကွက်လိုအပ်မှုတွေ့ရှိချက်တစ်ခုခုကို အကောင်အထည်ဖော်ရန် (သို့မဟုတ်)တိုးချဲ့ရန် အရင်းအနှီးကိုစိတ်တူကိုယ်တူအကျိုးတူစီးပွားဘက်ကိုရှာဖွေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများကပြောသည်။
ဆဋ္ဌမအကြိမ်မြောက် MYEA Pitching ပွဲကိုလည်း ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၁၅)ရက်နေ့တွင် Global Entrepreneur Week (GEW- ကမ္ဘာလုံးဆိုင်ရာစွန့်ဦးတီထွင်သူများရက်သတ္တပတ်)၌ အဆင့်(၃)ဆင့်ဖြင့် ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရပါသည်။ ပါဝင်လိုသော Entrepreneurs များအနေဖြင့် https://tinyurl.com/afc-pitch6 တွင် Register ပြုလုပ်နိုင်ပြီး၊ အသေးစိတ်သိရှိလိုပါက MYEA (Access to Finance Committee)ဖုန်း ဝ၉၅၆၆၁၂၄၄(သို့)Email-af@myea.org.mmသို့ဆက်သွယ်စုံစမ်းနိုင်းသည်။
မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း ၏ Pitching #5 တွေ့ဆုံဆွေးနွေးပွဲကို ဇွန်လ ၈ရက်နေ့က ဧရာဘဏ် ခန်းမတွင် ကျင်းပခဲ့ကြပြီးဖြစ်ကာ ယင်းတွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသော လူငယ်လုပ်ငန်းရှင်တို့သည် မိမိတို့ ဆောင်ရွက်နေမှုများနှင့် စတင်ဆောင်ရွက်ရန် စီစဥနေခြင်းများနှင့် ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များတို့ကို ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။