မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း(MYEA) Access to Finance Committee မှ ဦးဆောင်၍ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ကျင်းပမည့် Pitching (6) Event ၏ ပထမအဆင့် Challenge ပွဲကို မင်းဓမ္မလမ်းပေါ်ရှိ SME Centre ၌ စက်တင်ဘာလ ၂၈ရက် ၊ ယနေ့ နံနက် (၉)နာရီမှ စတင်ကျင်းပခဲ့ပါသည်။
ပြိုင်ပွဲဝင် start -up ကုမ္ပဏီ (၁၅) ခု ပါဝင် ပြသခဲ့ကြပြီး Final ပွဲစဉ်အတွက် ကုမ္ပဏီ (၁၀)ခု ရွေးချယ်ခဲ့ပါသည်။ အကဲဖြတ်အဖွဲ့ဝင်များအဖြစ် MYEA မှ CEC/EC member များ နှင့် MYEA (Access to Finance Committee) မှ member များမှ ဆောင်ရွက်ခဲ့ကြပါသည်။