မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း(MYEA) အား ယခုနှစ်အတွက် ကို တစ်ကမ္ဘာလုံးဆိုင်ရာ စွန့်ဦးတီထွင်မှုရက်သတ္တပတ်(GEW 2018)ကြီးမှူးကျင်းပရန် တစ်ကမ္ဘာလုံးဆိုင်ရာ စွန့်ဦးတီထွင်မှုကွန်ရက်(GEN) မှ ရွေးချယ်လိုက်ကြောင်း ဂုဏ်ယူဝမ်းမြောက်စွာ ထုတ်ပြန်ကြေညာလိုပါသည်။ နှစ်စဉ် နိုဝင်ဘာလ၏ ရက်သတ္တပတ်တစ်ခုအတွင်း လူသန်းပေါင်းများစွာကို အလားအလာရှိသော ပူးပေါင်းဆောင်ရွက်သူများ၊ အကြံပေးသူများ၊ ရင်းနှီးမြှုပ်နှံသူများ စသူတို့နှင့် ချိတ်ဆက်ဆောင်ရွက်နိုင်သော စွန့်ဦးတီထွင်မှုဆိုင်ရာ လုပ်ငန်းကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်ရန် နိုင်ငံပေါင်း ၁၇၀ ကျော်၌ ထောင်ပေါင်းများစွာသော အခမ်းအနားများနှင့် ပြိုင်ပွဲများ ကျင်းပပြုလုပ်ပြီး လှုံ့ဆော်တိုက်တွန်းလျက်ရှိပါသည်။ ကာ့ဖ်မန်း ဖောင်ဒေးရှင်း၏ ထောက်ပံ့ပေးမှုနှင့်အတူ ကနဦးပိုင်းတွင် ပူးတွဲအဖွဲ့အစည်း ၁၅,ဝ၀ဝ ကျော်ပါဝင်သော ကွန်ရက်တစ်ခုနှင့် ဒါဇင်နှင့်ချီသော ကမ္ဘာ့ခေါင်းဆောင်များ၏ ထောက်ခံမှုကို ရရှိခဲ့ပါသည်။ GEW ကို ယခုနှစ် နိုဝင်ဘာလ ၁၂ရက်မှ ၁၈ ရက်ထိ ကျင်းပပြုလုပ်မည် ဖြစ်ပြီး USAIDမှ အဓိက စပွန်ဆာအနေဖြင့် ပါဝင်ဆောင်ရွက်ရန် သဘောတူညီမှုရရှိထားပါသည်။ မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်မည့် GEW 2018၏ အဓိကအကြောင်းရင်းမှာ “စီးပွားရေးဖွံ ့ဖြိုးတိုးတက်ဖို ့စွန် ့ဦးတီထွင်ဆောင်ရွက်ကြပါစို ့” ဖြစ်ပါသည်။
MYEAသည် နိုဝင်ဘာလ ၁၂ရက်မှ ၁၈ရက် အချိန်ကာလအတောအတွင်း မြန်မာနိုင်ငံတဝန်းလုံးတွင် အခမ်းအနား ၄၅ခုကို ကျင်းပပြုလုပ်ရန် ရည်ရွယ်ထားပါသည်။
GEW 2018 အောင်မြင်မှုရရှိစေရန်အတွက် ကျွန်တော်တို့နှင့် အတူပူးပေါင်းပါဝင်ဆင်နွှဲရန် လူကြီးမင်းတို့အား ဖိတ်ကြားလိုပါသည်။ ထို့အတွက် အထက်တွင်ဖော်ပြထားသော အဓိကအကြောင်းရင်းနှင့် ကိုက်ညီသည့် ပွဲအခမ်းအနား တစ်ခု စီစဉ်ဆောင်ရွက်ခြင်းဖြင့် ပါဝင်ဆင်နွှဲနိုင်ပါသည်။ လူကြီးမင်းတို့ စီစဉ်ဆောင်ရွက်နိုင်သော ပွဲအခမ်းအနား အမျိုးအစားများအတွက် အောက်ဖော်ပြပါ အတွေးစိတ်ကူးအချို့ကို မှီငြမ်းကြည့်ရှုနိုင်ပါသည်။
အတွေးအမြင်များ မျှဝေခြင်း
စွန့်ဦးတီထွင်မှုဆိုင်ရာ သင်တန်း
ကွန်ယက်ချိတ်ဆက်ခြင်း
ကျွမ်းကျင်ပညာရှင်မှ ဟောပြောခြင်း
စကားဝိုင်းဖွဲ့ ဆွေးနွေးခြင်း
ဗီဒီယိုကြည့်ခြင်းနှင့် ဆွေးနွေးုခြင်း
အကြံကောင်းများပေးခြင်း
အဖွဲ့လိုက် ဆွေးနွေးခြင်း
စီးပွားရေးစီမံကိန်း ပြိုင်ပွဲ
ထုတ်ကုန် ပြိုင်ဆိုင်မှု
ပူးပေါင်းဆွေးနွေး လုပ်ကိုင်ခြင်း
အထက်ဖော်ပြပါ အချက်များအပြင် အခြားသော ကိုယ်ပိုင်အတွေးစိတ်ကူးများ အတွက်လည်း လမ်းဖွင့်ပေးထားပါသည်။ GEW 2018တွင် အခမ်းအနားတစ်ခုစီစဉ်ဆောင်ရွက်ရန်အလို့ငှာ လူကြီးမင်းတို့သည် အသင်းအဖွဲ့၊ NGO/CSO၊ စီးပွားရေးလုပ်ငန်း/ကုမ္ပဏီ၊ စီးပွားရေးအကြံပေးလုပ်ငန်း၊ သင်တန်းကျောင်း သို့မဟုတ် (ကိုယ်ပိုင်)တက္ကသိုလ်များ စသည်ကဲ့သို့သော အရည်အချင်းပြည့်မှီသော အဖွဲ့အစည်းတစ်ခုဖြစ်ရန် လိုအပ်ပါသည်။ MYEAသည် GEW 2018 ၏ ကြီးမှူးကျင်းပသူအနေဖြင့် လူကြီးမင်းတို့အား ကူညီပံ့ပိုးပေးရန် အောက်ပါအတိုင်း ဆောင်ရွက်သွားပါမည်။
• ပွဲနှင့် သက်ဆိုင်သည့် အကြောင်းအရာ၊ နေ့ရက်၊ နေရာ နှင့် ကုန်အမှတ်တံဆိပ်ဖန်တီးခြင်းဆိုင်ရာ လမ်းညွှန်ချက်များ စသည်တို့နှင့် ပက်သက်၍ ပွဲစီစဉ်ကျင်းပသူများနှင့်ပူးပေါင်းဆောင်ရွက်ရန်။
• လူကြီးမင်းတို ့စီစဉ်ကျင်းပမည့် ပွဲအခမ်းအနားကို ထည့်သွင်းဖော်ပြထားသော တရားဝင် GEW 2018 အစီအစဉ်စာအုပ် တစ်အုပ်ကို ထုတ်ဝေရန်။
• ဝက်ဘ်ဆိုဒ်နှင့် ဖေ့စ်ဘွတ်ခ် စာမျက်နှာများတွင် GEW 2018 အခမ်းအနားများကို ကြော်ငြာရန်။
• လူကြီးမင်းတို့၏ ပွဲအခမ်းအနားတွင် ပါဝင်သူများကို ဝေပေးရန် လက်ကမ်းစာစောင်များနှင့် တီရှပ် ကဲ့သို့သော အရောင်းမြင့်တင်ရေးပစ္စည်းများကို ထုတ်ဝေရန်။
• လူကြီးမင်းတို့ စီစဉ်ဆောင်ရွက်မည့် ပွဲအခမ်းအနားပေါ် မူတည်၍ အများဆုံး မြန်မာငွေကျပ် တစ်သန်းအထိ ငွေကြေးထောက်ပံ့ပေးရန်။
နိုဝင်ဘာလ ၁၂ရက်မှ ၁၈ရက်ထိ ကျင်းပပြုလုပ်မည့် GEW 2018 ကာလအတွင်း စွန့်ဦးတီထွင်မှုနှင့် သက်ဆိုင်သည့် ပွဲအခမ်းအနားတစ်ခု စီစဉ်ဆောင်ရွက်ရန် စိတ်ပါဝင်စားလျှင် ကျွန်တော်တို့ဆီသို့ လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။ လျှောက်လွှာဖြည့်စွက်ရန် ဆယ်မိနစ်ပင်ကြာမည် မဟုတ်ပေ။
https://goo.gl/forms/SJmZFsFlDNSYOVy72
လျှောက်လွှာတင်သွင်းရန် သက်တမ်းကုန်ဆုံးရက်မှာ ၂၀၁၈ခုနှစ် အောက်တိုဘာလ ၇ရက် ဖြစ်ပါသည်။
လျှောက်လွှာတင်သွင်းသူများကို ဆက်သွယ်သွားမည်ဖြစ်ပြီး စဉ်ဆက်မပြတ်တိုးတက်မှုရှိခြင်းအပေါ် မူတည်၍ လူကြီးမင်းတို့၏ အခမ်းအနားအတွက် ဆုချီးမြှင့်သွားမည်ဖြစ်ပါသည်။ ထို့ကြောင့် လူကြီးမင်းတို့သည် စောစီးစွာ လျှောက်လွှာများ တင်သွင်းသင့်ပါသည်။ GEW 2018 အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရန် စိတ်ပါဝင်စားမှုရှိခြင်းအပေါ် အလွန်တရာပင် ကျေးဇူးတင်အပ်ပါသည်။ လူကြီးမင်းတို့နှင့် အတူတကွ ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်ခွင့်ရမည်ဟု မျှော်လင့်ပါသည်။