“ရုံးခန်းယာယီပိတ်ခြင်း”
မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA) ၏ အသင်းရုံးခန်းအား (၂၅.၃.၂၀၂၀) ရက်နေ့မှ စတင်၍ ဧပြီလကုန်အထိ ယာယီပိတ်ထားမည်ဖြစ်ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ (၂၃.၃.၂၀၂၀) ရက်နေ့၊ ည (၁၁း၄၅)နာရီ သတင်းထုတ်ပြန်ချက်အရ ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ ဆေးရုံတွင် လူနာ(၁)ဦးနှင့် ရန်ကုန်မြို့ ဝေဘာဂီအထူးကုဆေးရုံ၌ လူနာ (၁)ဦး၊ စုစုပေါင်း(၂)ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိသဖြင့် စောင့်ကြည့်ကုသလျက်ရှိကြောင်းလည်း သိရှိရပါသည်။
သို့ပါသဖြင့် MYEA ရုံးရှိ ဝန်ထမ်းများအားလည်း ၎င်းတို့ကျန်းမာ ရေးအား အထူးဂရုပြုနိုင်ရန် ရုံးခန်း ယာယီပိတ်သည့်နေ့မှစတင်ပြီး ယင်းတို့၏နေအိမ်များတွင် နံနက် (၉း၀၀)နာရီမှ ညနေ (၅)နာရီအထိ ရုံးဖွင့်ရက် ရုံးချိန်အတိုင်း လုပ်ငန်းတာဝန်များ လုပ်ဆောင်ကြရန်လည်း ထုတ်ပြန်ကြေညာထားပါသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ အချိန်နှင့်တပြေးညီ ညွန်ကြားချက်ပေါ်မူတည်၍ ထပ်မံထုတ်ပြန်ကြေညာပေးမည် ဖြစ်ပါသည်။
ရုံးခန်းယာယီပိတ်ရက်များအတွင်းတွင် ဝန်ထမ်းများမှ Work from Home ဖြင့် တာဝန်ယူဆောင်ရွက်နေသည့်အတွက် အောက်ဖော်ပြပါ hot Line ဖုန်းနံပါတ်နှင့် အီးမေးလ်များမှတစ်ဆင့်လည်း ဆက်သွယ်ဆောင် ရွက်နိုင်ပါသည်။
☎️ Hot Line: 09765000649 09765000719 09765000639
📩 Email : office@myea.org.mm