(MYEA)နှင့် Center for International Private Enterprise (CIPE)မှ တာဝန်ရှိသူများ Advocacy Workshop ပြုလုပ်နိုင်ရန်တွေ့ဆုံဆွေးနွေး

 

                မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA) ဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တို့မှ Center for International Private Enterprise (CIPE) ၏ တာဝန်ရှိသူများအား အသင်းရုံး အစည်းအဝေးခန်းမတွင် ပြီးခဲ့သည့် (၂၀-၁-၂၀၂၀)နေ့က လက်ခံတွေ့ဆုံခဲ့ပါသည်။

                 ယင်းတွေ့ဆုံမှုတွင် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင် များအသင်း၏ Impact Investment Committee မှ ဦးဆောင်၍ ရန်ကုန်တိုင်းဒေသကြီးလူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း နှင့် Center for International Private Enterprise (CIPE) တို့ ပူးပေါင်းကျင်းပသော Advocacy Workshop for the improvements to the investment environment and PPP Best Practices နှင့်ပတ်သက်သည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

CIPE Background
CIPE သည် 1983 တွင် အမေရိကန်သမ္မတ ရော်နယ်ရီဂင် (Ronald Reagan) ကဖွဲ့စည်းတည်ထောင်ခဲ့ပြီး National Endowment for Democracy ၏အဓိက institute တစ်ခုဖြစ်ကာ U.S Chamber of Commerce ၏ affiliate တစ်ခုလည်းဖြစ် ပါသည်။ အမေရိကန်အခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်သော CIPE သည် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်လာရေးနှင့် ကောင်းမွန်သည့် ပတ်ဝန်းကျင် ဖန်တီးပေးရေးကို အဓိကထား သည့် အဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။ CIPE သည် Democratic Governance , Entrepreneurship, open trade ,Corruption တို့ကိုအဓိကထားပြီး ဒေသအလိုက် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြောင်းလဲမှုများ ဖြစ်ပေါ်လာရန် ကြိုးပမ်းလျှက်ရှိကာ လက်ရှိတွင် CIPE သည်နိုင်ငံပေါင်း 50 ကျော်၌ project ပေါင်း 150 ကျော်ကို ဆောင်ရွက်လျှက်ရှိနေပါသည်။

#MYEA (ြမန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း)