တတိယအကြိမ်မြန်မာစွန့်ဦးတီထွင်ပွဲတော် ဒုတိယနေ့အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Dr.သန်းမြင့် မှ ပြခန်းများအား လှည့်လည်ကြည့်ရှု

တပ်မတော်ခန်းမ၌ ကျင်းပပြုလုပ်လျှက်ရှိသော တတိယအကြိမ်မြန်မာစွန့်ဦးတီထွင်ပွဲတော် ဒုတိယနေ့အခမ်းအနားသို့
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Dr.သန်းမြင့် ဦးဆောင်သော အဖွဲ့မှ ယနေ့ နေ့လည် ၂နာရီခန့်တွင် ပြခန်းများအား လာရောက်လှည့်လည်ကြည့်ရှု၍ လူငယ်လုပ်ငန်းရှင်များအား အားပေးချီးမြှင့်ခဲ့ပါသည်။