တတိယအကြိမ် မြန်မာစွန့်ဦးတီထွင်ပွဲတော်သို့ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို လာရောက်လှည့်လည်ကြည့်ရှု

တပ်မတော်ခန်းမ၌ ကျင်းပပြုလုပ်လျှက်ရှိသော တတိယအကြိမ် မြန်မာစွန့်ဦးတီထွင်ပွဲတော် ဒုတိယနေ့အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန၊
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို ဦးဆောင်သောအဖွဲ့မှ ယနေ့နံနက် ၉နာရီခန့်တွင် ပြခန်းများအား လာရောက်လှည့်လည်ကြည့်ရှု၍
လူငယ်လုပ်ငန်းရှင်များအား အားပေးချီးမြှင့်ခဲ့ပါသည်။