တတိယအကြိမ်မြန်မာစွန့်ဦးတီထွင်ပွဲတော် နောက်ဆုံးနေ့အဖြစ် ယနေ့(5.8.2018) ရက်နေ့တွင် တပ်မတော်ခန်းမ၌ အောင်မြင်စွာ ကျင်းပပြီးစီး

တတိယအကြိမ်မြန်မာစွန့်ဦးတီထွင်ပွဲတော် နောက်ဆုံးနေ့အဖြစ် ယနေ့(5.8.2018) ရက်နေ့တွင် တပ်မတော်ခန်းမ၌ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ မနက်ပိုင်းတွင်ကျင်းပသော “Understanding and Increasing your business Value” ခေါင်းစဉ်ဖြင့် Matrix Institute မှ ကိုမင်းဟန်ထွန်း၏ Expert Talks ၊ Training Zone မှစီးပွားရေးပညာရပ်ဆိုင်ရာ သင်တန်း တိုပို့ချမှု အစီအစဉ်များတွင် စီးပွားရေးကို စိတ်ဝင်စားသော လူငယ်များ၊ ကျောင်းသားများဖြင့် စည်ကားခဲ့ပြီး ညနေပိုင်းတွင် မြန်မာနိုင်ငံလူငယ် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း(MYEA)၏ ဥက္ကဌ ဦးထွန်းထွန်းနိုင်မှ “3rd Myanmar Entrepreneurs Carnival 2018 ” ပွဲတော်ကြီး အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့်အတွက် အဖက်ဖက်မှ ကူညီပံ့ပိုး ပေးခဲ့ကြသူများအား ကျေးဇူးတင်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် Pitching Program တွင် ဆုရရှိခဲ့သူများ၊ Event sponsor များ၊ In kind sponsor များနှင့် Best Decorated Booth တို့ကို Trophyနှင့် Certificate များဖြင့် ဂုဏ်ပြုချီးမြှင့်ခဲ့ပါသည်။ ထို့နောက် Entrepreneurs Networking Party တွင် အစားအသောက်များဖြင့် တည်ခင်းဧည့်ခံကာ ပျော်ရွှင် ရင်းနှီးစွာ တွေ့ဆုံမိတ်ဆက်ကြပါသည်။ ယနေ့တွင် အများပြည်သူအားလပ်ရက် တနင်္ဂနွေနေ့ ဖြစ်သော ကြောင့် လာရောက်လေ့လာသူ (၂၀ဝ၀)ကျော်ရှိခဲ့ပြီး အစည်ကားဆုံးနေ့တစ်နေ့ဖြစ်ခဲ့ပါသည်။ နောင်လာမည့်နှစ်များတွင်လဲ ပိုမိုဆန်းသစ်သော တီထွင်မှုများဖြင့် ကြိုးစားပြုလုပ်သွားမည် ဖြစ်ပါသည်။