MYEA Member Portal မှတစ်ဆင့် MYEA Workplace Registration ပြုလုပ်နိုင်

မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA)အသင်းဝင်များ၏ MYEA Workplace (MYEA General Group) အား MYEA Member Portal မှတစ်ဆင့် လွယ်ကူစွာ အသုံးပြုဝင်ရောက်နိုင်သည့် link အား စတင် အသုံးပြုနိုင်ပြီဖြစ်ပါသည်။

 

အသင်းဝင်များအတွက် သီးသန့်စီစဉ်ထားရှိသည့် MYEA WorkPlace Platform အား MYEA Member Portal မှတစ်ဆင့် လွယ်ကူအဆင်ပြေစွာ Account Create ပြုလုပ်ထား နိုင်ပြီဖြစ်ပါသည်။  MYEA Member Portal အသုံးပြုပြီး MYEA Workplace အသုံးပြုပုံအား အောက်ပါအတိုင်း တစ်ဆင့်ချင်း ဖော်ပြပေးထားပါသည်။

        

 

🔴 အဆင့် (၁) MYEA Official Website ဖြစ် သည့် www.myea.org.mm ရဲ့ ထိပ်ဆုံးနေရာက (Sign In) ကို Click နှိပ်ပြီး ဝင်ရောက်ခြင်း၊ သို့မဟုတ် https://member.myea.org.mm မှ တိုက်ရိုက် လွယ်ကူစွာဝင်ရောက်နိုင်ပါသည်။

 

——————————————————————————————————————–

🔴 အဆင့်(၂) အသင်းဝင်စဉ်တုန်းက မှတ်ပုံတင်ထားခဲ့တဲ့ ဖုန်းနံပါတ်ကိုရိုက်ထည့်ပြီး forgot password ကို နှိပ်ပေးရမှာဖြစ်ပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ မိမိရဲ့ဖုန်း (SME Message) အတွင်းသို့ Validate OTP (One  Time Password) ကို ပေးပို့မှာဖြစ်တဲ့အတွက် ထိုနံပါတ်ကို ထည့်သွင်းပေးရမှာဖြစ်ပါတယ်။ ထို့ နောက် မိမိရဲ့ ကိုယ်ပိုင် Password အသစ်ကို စိတ်ကြိုက်ဖန်တီးရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။

 

 

——————————————————————————————————————–

 

🔴 အဆင့်(၃)  မိမိရဲ့ MYEA Member Profile Page ထဲကို ရောက်ရှိသွားပြီဖြစ်ပါတယ်။ ထိုအထဲကမှ Workplace Information တွင် Facebook WorkPlace Member မဖြစ်သေးသူများသည် Create Workplace Account ကို ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ ထို့နောက် Create New Workplace Account အား Submit နှိပ်ပေးရမှာြဖစ်ပါတယ်။ Loading ဖြစ်ပေါ်နေမှာဖြစ်ပြီး ထို့နောက် Workplace Access Code အား အလိုအလျောက် ပေးပို့ပေးမှာ ဖြစ်ပါတယ်။ ထို Workplace Access Code အား Copy လုပ်ယူထားရပါမယ်။

 

 

 

 

——————————————————————————————————————–

 

🔴 အဆင့် (၄) Work Place Application အား Google Play Store (သို့) Apple Store  တို့မှ အလွယ်တကူ Download ပြုလုပ်နိုင်ရန် Link အားလည်း  Dowload WorkPlace တွင် ဖော်ပြပေးထားပါတယ်။

Download ပြုလုပ်ပြီးပါက Workplace တွင် Sign Up ပြုလုပ်ရမှာဖြစ်ပါတယ်။

 

 

——————————————————————————————————————–

 

🔴 အဆင့် (၅) Business Email အား ဖြည့်သွင်းပေးပြီး Next ရွေးချယ်ပေးရမှာဖြစ်ပါတယ်။

 

 

 

——————————————————————————————————————–

 

🔴 အဆင့် (၆)  ယခုအဆင့်တွင် Copy ကူးယူထားခဲ့သည့်  WorkPlace Access Code အား ထည့်သွင်းပေးပါက  Welcome Message ရောက်ရှိလာပါက သင့်ရဲ့Workplace Account အား အောင်မြင်စွာ ရရှိပါပြီ။

 

 

 

 

 

 

MYEA Member Workplace အသုံးပြုရာတွင် တစ်စုံတစ်ရာ အဆင်မပြေခြင်းနှင့် လိုအပ်ချက်များရှိပါက ဆက်သွယ်စုံစမ်းမေးမြန်းရန်

Hot Line : 09765000649 , 09765000719 ,  09765000639

Email :     office@myea.org.mm