“အထူးဂုဏ်ယူဝမ်းမြောက်ခြင်း”

 

  •  နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သဘင်ဆောင်တွင် ဇန်နဝါရီလ (၄) ရက်နေ့၊ နံနက် (၉) နာရီက ကျင်းပခဲ့သည့် ၂၀၂၁ ခုနှစ် အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားတွင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က MYEA၏နာယက ဦးအောင်ကိုဝင်း (Chairman Emeritus of KBZ Group/KBZ Bank) အား “သရေစည်သူဘွဲ့”ကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။
  • ဦးအောင်ကိုဝင်းသည် နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာတာဝန်ကို “ပထမ” နေရာမှ ဝင်ငွေခွန် အများဆုံး (၈) ထပ်ကွမ်း ထမ်းဆောင်ခဲ့ခြင်း၊ နိုင်ငံတော်နှင့် ပြည်သူအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူမျိုးမရွေး၊ ဘာသာမရွေး၊ နေရာဒေသမရွေးတွင် ကျပ်ငွေ (၁၈၀) ဘီလီယံကျော်အထိ သဒ္ဓါထက်သန်စွာ လှူဒါန်းခဲ့ခြင်းစသည်တို့ကြောင့် မြန်မာနိုင်ငံသမိုင်းတွင် အရပ်ဘက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များအနက် ပထမဆုံးနှင့် အမြင့်ဆုံးဖြစ်သည့်”သရေစည်သူဘွဲ့”ကို ချီးမြှင့်ခံရခြင်းဖြစ်ပါသည်။
  • ဦးအောင်ကိုဝင်း ပေးအပ်ချီးမြှင့်ခြင်းခံရသော “သရေစည်သူ” ဘွဲ့ (Pyidaungsu Sithu Thingaha, Order of the Republic of the Union of Myanmar) သည် နိုင်ငံတော်နှင့် ပြည်သူအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ချက်ရှိသော အရပ်ဘက်နှင့် တပ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်ကိုသာ ရွေးချယ်ချီးမြှင့်သည့် “ပြည်ထောင်စု စည်သူသင်္ဂဟ ဂုဏ်ထူးဆောင်ဘွဲ့” ဖြစ်သည့်အတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် နိုင်ငံတော်အကျိုးပြု၊ ပြည်သူအကျိုးပြု ကဏ္ဍအသီးသီး၌လည်းဆက်လက်၍ဆထက်ထမ်းပိုး အကျိုးပြုနိုင်ပါစေကြောင်း လှိုက်လှဲစွာ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (#MYEA)
#ARYEA #MRYEA #MSYEA #SSYEA #YRYEA
—————
ZawGyi Version
MYEA ၏ နာယက ဝဏၰေက်ာ္ထင္၊ စည္သူ ဦးေအာင္ကိုဝင္း (Chairman Emeritus of KBZ Group/KBZ Bank) အား ႏိုင္ငံေတာ္မွ ျပည္ေထာင္စုစည္သူ သဂၤဟဘြဲ႕တစ္ခုျဖစ္သည့္ “သေရစည္သူဘြဲ႕”
ကို ဂုဏ္ျပဳခ်ီးျမႇင့္ေပးအပ္ျခင္းခံရသည့္အတြက္ အထူး ဂုဏ္ယူဝမ္းေျမာက္ျခင္း
  • ေနျပည္ေတာ္ရွိ ႏိုင္ငံေတာ္ သမၼတအိမ္ေတာ္ သဘင္ေဆာင္တြင္ ဇန္နဝါရီလ (၄) ရက္ေန႔၊ နံနက္ (၉) နာရီက က်င္းပခဲ့သည့္ ၂၀၂၁ ခုႏွစ္ အတြက္ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံ၏ ဂုဏ္ထူးေဆာင္ဘြဲ႕မ်ား ခ်ီးျမႇင့္အပ္ႏွင္းျခင္း အခမ္းအနားတြင္ ႏိုင္ငံေတာ္ သမၼတ ဦးဝင္းျမင့္က MYEA၏နာယက ဦးေအာင္ကိုဝင္း (Chairman Emeritus of KBZ Group/KBZ Bank) အား “သေရစည္သူဘြဲ႕”ကို ေပးအပ္ခ်ီးျမႇင့္ခဲ့ပါသည္။
  • ဦးေအာင္ကိုဝင္းသည္ ႏိုင္ငံေတာ္အတြက္ အခြန္ဘ႑ာတာဝန္ကို “ပထမ” ေနရာမွ ဝင္ေငြခြန္ အမ်ားဆုံး (၈) ထပ္ကြမ္း ထမ္းေဆာင္ခဲ့ျခင္း၊ ႏိုင္ငံေတာ္ႏွင့္ ျပည္သူအတြက္ တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ လူမ်ိဳးမေ႐ြး၊ ဘာသာမေ႐ြး၊ ေနရာေဒသမေ႐ြးတြင္ က်ပ္ေငြ (၁၈၀) ဘီလီယံေက်ာ္အထိ သဒၶါထက္သန္စြာ လႉဒါန္းခဲ့ျခင္းစသည္တို႔ေၾကာင့္ ျမန္မာႏိုင္ငံသမိုင္းတြင္ အရပ္ဘက္ဆိုင္ရာ စီးပြားေရးလုပ္ငန္းရွင္မ်ားအနက္ ပထမဆုံးႏွင့္ အျမင့္ဆုံးျဖစ္သည့္”သေရစည္သူဘြဲ႕”ကို ခ်ီးျမႇင့္ခံရျခင္းျဖစ္ပါသည္။
  • ဦးေအာင္ကိုဝင္း ေပးအပ္ခ်ီးျမႇင့္ျခင္းခံရေသာ “သေရစည္သူ” ဘြဲ႕ (Pyidaungsu Sithu Thingaha, Order of the Republic of the Union of Myanmar) သည္ ႏိုင္ငံေတာ္ႏွင့္ ျပည္သူအတြက္ စြမ္းစြမ္းတမံ ေဆာင္႐ြက္ခ်က္ရွိေသာ အရပ္ဘက္ႏွင့္ တပ္ဘက္ဆိုင္ရာ ပုဂၢိဳလ္ကိုသာ ေ႐ြးခ်ယ္ခ်ီးျမႇင့္သည့္ “ျပည္ေထာင္စု စည္သူသဂၤဟ ဂုဏ္ထူးေဆာင္ဘြဲ႕” ျဖစ္သည့္အတြက္ အထူးပင္ ဂုဏ္ယူဝမ္းေျမာက္ပါေၾကာင္းႏွင့္ ႏိုင္ငံေတာ္အက်ိဳးျပဳ၊ ျပည္သူအက်ိဳးျပဳ က႑အသီးသီး၌လည္းဆက္လက္၍ဆထက္ထမ္းပိုး အက်ိဳးျပဳႏိုင္ပါေစေၾကာင္း လႈိက္လွဲစြာ ဆုမြန္ေကာင္းေတာင္းအပ္ပါသည္။
ျမန္မာႏိုင္ငံလူငယ္စြန႔္ဦးတီထြင္လုပ္ငန္းရွင္မ်ားအသင္း (#MYEA)