ကုန်သည်စက်မှုအသင်းချုပ်မှ အခြေခံလူတန်းစားများကို အစား အသောက်များ ထောက်ပံ့ပေးရန်အတွက် ပထမအကြိမ် ရန်ပုံငွေပေးအပ် လှူဒါန်းပွဲကို ကုန်သည် စက်မှုအသင်းချုပ်တွင် ယနေ့ ဧပြီလ(၉)ရက်နေ့ မွန်းလွဲပိုင်း၌ ကျင်းပခဲ့ရာ ယင်းရန်ပုံငွေပွဲသို့ အလှူရှင်များကိုယ်စား မြန်မာနိုင်ငံလူငယ် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း(MYEA) ဥက္ကဋ္ဌဒေါက်တာအောင်သူရနှင့် စီမံခန့်ခွဲရေးကော်မတီဝင်အချို့တို့မှ UMFCCI ၏ Corona Virus Disease (COVID 19) ရန်ပုံငွေသို့ အလှူငွေကျပ် သိန်း (၅၀) နှင့် ကျပ် ၁,၃၇၅,၀၀၀ တန်ဖိုး ရှိ ပစ္စည်းများကို ထည့်ဝင်လှူဒါန်းခဲ့ရာ UMFCCI အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း မှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
ယင်းရန်ပုံငွေ၏ အဓိကရည်ရွယ်ချက်မှာ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်နှင့် ကုသရေးလုပ်ငန်းစဉ်များတွင် အသုံးပြုရန်နှင့် Corona Virus Disease (COVID 19) ရိုက်ခတ်မှုကိုခံစားနေရသည့် အခြေခံ လူတန်းစားများ၏ စားရေး၊ သောက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ကူညီဖြေရှင်းပေးနိုင်ရန်တို့အတွက် ရန်ပုံငွေထူထောင်ထားခြင်းဖြစ် ပါသည်။
🔷 ငွေသားလှူဒါန်းမှုစာရင်းများမှာ –
ဒေါက်တာသဲမြတ်စိုး – (၂၅) သိန်း
ဒေါက်တာအောင်သူရ – (၅) သိန်း
ဦးဇော်မင်းသန့် – (၅) သိန်း
ကိုထွန်းဇော်ဝင်း + ဒေါက်တာဝတ်ရည်စိုး – (၃)သိန်း
ကိုကျော်ဇေယျ @ Ko Jeep – (၂) သိန်း
ကိုဝင်းထက်မောင်မောင် – (၁) သိန်း
ဒေါက်တာသီသီခိုင် – (၁) သိန်း
ဒေါက်တာမေဇော်သက် – (၁) သိန်း
ဒေါက်တာမေပြည့်စုံကြွယ် – (၁) သိန်း
Ma Sofia Nyuntwai – (၁) သိန်း
ဒေါက်တာကောင်းကျော်ဆွေ – (၁) သိန်း
မမြတ်စုမွန် – (၁) သိန်း
ဒေါက်တာဖြူစင်ခိုင် – (၁) သိန်း
ဒေါက်တာယဥ်မင်းဟန် – (၁) သိန်း
မခင်ညိုမင်းလွင် – (၁) သိန်း
🔷 ပစ္စည်းအလှူစာရင်းများမှာ –
မအေးမြတ်မြတ်သူ – (၅) သိန်းတန်ဖိုးရှိ (Sanitizer)
Dr. မင်းထက် – (၅) သိန်းတန်ဖိုးရှိ (Face-shields)
မချစ်ဆုဟန် – (၂) သိန်း တန်ဖိုးရှိ (3 ply mask)
မခြူခြူး ၊ မနီနီထွန်း – ၁၇၅,၀၀၀ တန်ဖိုးရှိ (3 ply mask)
မြန်မာနိုင်ငံလူငယ် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA)