Global Entrepreneurship Week ပြန်လာပါပြီ။
ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ် နိုဝင်ဘာလ ဒုတိယအပတ်မှာ ကျင်းပလေ့ရှိတဲ့ စွန့်ဦးတီထွင် ရက်သတ္တပတ် “Global Entrepreneurship Week” ကို ယခုနှစ် နိုဝင်လာလ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းကယခင်နှစ်များအတိုင်းNational Host အဖြစ် တာဝန်ယူ ဦးဆောင်ကျင်းပပေးသွားမှာပဲ ဖြစ်ပါတယ်။
ယခုနှစ် GWE ၂၀၂၀ ရဲ့ ဆောင်ပုဒ်ကတော့“Education, Ecosystem, Inclusion, Policy” ဖြစ်ပါတယ်။ ယခုနှစ် စွန့်ဦးတီထွင် ရက်သတ္တပတ်အတွင်း အထက်ပါ ကဏ္ဍ ၄ ခုဖြစ်တဲ့“ပညာရေး၊ ဂေဟစနစ်၊ အားလုံးပူးပေါင်းပါဝင်ခြင်း၊ မူဝါ ဒ ကဏ္ဍ့ ” မှာ စွန့်ဦးတီထွင်သူများ ပိုမိုမွေးထုတ်နိုင်စေရန်၊ စွန်ဦးတီထွင်မှုကို ပိုမိုအားပေး အားမြှောက်ပြုလာစေရန်အတွက် ကျွန်တော်တို့ရဲ့ ပြည်တွင်းမှာရှိတဲ့ လူငယ်များ၊ စွန့်ဦးတီထွင်သူများ၊ အဖွဲ့အစည်းများရဲ့ အသံများ၊ လုပ်ဆောင်ချက်များကို ယခုရက်သတ္တပတ်အစီအစဉ်ကနေ ထုတ်ဖော်ပြသနိုင်ဖို့ဘဲဖြစ်ပါတယ်။
ယခုအချိန်မှာ ကမ္ဘာ့ကပ်ရောဂါ Covid-19 ကို အခြားနိုင်ငံများ နည်းတူ မိမိတို့နိုင်ငံတွင်လည်းရင်ဆိုင်နေရတာဖြစ်လို့ ယခုနှစ် စွန့်ဦးတီထွင်ရက်သတ္တပတ်မှာတော့ ကျွန်တော်တို့ရဲ့ အခမ်းအနားများ အားလုံးကို Virtual Event အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ကျင်းပပြုလုပ်ဖို့ စီစဉ်ထားရှိပါတယ်။
ထို့အတွက်ကြောင့် ယခင်နှစ်များက ပူးပေါင်းပါဝင်ခဲ့ကြတဲ့ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ၊ ပုဂ္ဂိုလ်များသာမက အခြားစိတ်ဝင်တစ်စား ပူးပေါင်းပါဝင်လိုသူများကိုလည်း ဝမ်းမြောက်ဝမ်းသာစွာဖြင့်ပါဝင်စီစဉ် ဆင်နွှဲကြဖို့ လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါတယ်။
အလုပ်အမှုဆောင်အဖွဲ့
မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း