Global Entrepreneurship Week ( ကမ္ဘာလုံးဆိုင်ရာစွန့်ဦးတီထွင်ရက်သတ္တပတ်) 2018 ပွဲအခမ်းအနားများနှင့်ပတ်သက်သောသတင်းစာရှင်းလင်းပွဲကျင်းပ

ယနေ့အောက်တိုဘာလ(၃၀)ရက်နေ့တွင်

မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းမှ

ဦးစီးကျင်းပမည့် Global Entrepreneurship Week

( ကမ္ဘာလုံးဆိုင်ရာစွန့်ဦးတီထွင်ရက်သတ္တပတ်) 2018ပွဲ

အခမ်းအနားများနှင့်ပတ်သက်သောသတင်းစာရှင်းလင်းပွဲကို

ကုန်သည်စက်မှုအသင်းချုပ် ၄လွှာရှိ အစည်းအဝေးခန်းမ၌

ကျင်းပပြုလုပ်ခဲ့ပါသည်။ ကမ္ဘာလုံးဆိုင်ရာစွန့်ဦးတီထွင်ရက်သတ္တပတ်

ဆိုသည်မှာ ရက်သတ္တပတ်အတွင်း မတူညီသောပွဲအခမ်းအနား၊

အစီအစဉ်များကိုစီးပွားရေးအဖွဲ့အစည်းများ၊ တက္ကသိုလ်များ၊

သင်တန်းကျောင်းများမှတစ်ဆင့် စွန့်ဦးတီထွင်မှုဆိုင်ရာ

အတွေးအမြင်များ ပေါ်ထွက်လာအောင်၊ များပြားလာအောင်

ပြုလုပ်ပေးသည့် ရက်သတ္တပတ် ဖြစ်ပါသည်။

နိုင်ငံပေါင်း ၁၂၅ နိုင်ငံတွင် ပွဲအခမ်းအနားပေါင်း ၃၅၀ဝ၀ကျော်ဖြင့်

စည်ကားသိုက်မြိုက်စွာ ကျင်းပသည့်ပွဲဖြစ်ပါသည်။

မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းမှ

Global Entrepreneurship Week 2018ကို ကမကထပြုလုပ်ပြီး

နိုင်ငံအနှံ့ကျင်းပနိုင်အောင် ကြိုးစားဆောင်ရွက်လျှက်ရှိပါသည်။

USAID မှလည်း မြန်မာနိုင်ငံအတွင်း စွန့်ဦးတီထွင်သူများ

ပိုမိုများပြားလာစေရန်နှင့် စွန့်ဦးတီထွင်တတ်သော

အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်အတွက်

ယခုနှစ်ကျင်းပမည့် Global Entrepreneurship Week 2018 ကို

အဓိကကူညီပံ့ပိုးသူအဖြစ်ပါဝင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

ထို့အပြင် UKAids ၏အဓိကဆောင်ရွက်သူဖြစ်သော

DaNA Facility မှလည်းတစ်ဘက်တစ်လမ်းမှ ပံ့ပိုးကူညီပေးသွားမည်ဖြစ်ပါသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်

လုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဦးထွန်းထွန်းနိုင်နှင့် တာဝန်ရှိသူများ

ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သတင်းမီဒီယာများ

စုံလင်စွာတက်ရောက်ခဲ့ကြပါသည်။