မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း ၏ ဒသမအကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီး

မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း ၏ ဒသမအကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီး
မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA) ၏ ဒသမအကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့တွင် ရန်ကုန်မြို့၊ Novotel Yangon Max Hotel ရှိ Yangon Ballroom ၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) မှ ဒုဥက္ကဌ ဒေါက်တာ ဝင်းစည်သူနှင့် အလုပ်အမှုဆောင်များ၊ မိတ်ဖက်အသင်းများမှ ဥက္ကဌများနှင့် အလုပ်အမှုဆောင်များ၊ MYEA ၏ ဒေသဆိုင်ရာ အသင်းခွဲများဖြစ်သည့် MRYEA, SSYEA, ARYEA, MSYEA, YRYEA တို့မှ ဥက္ကဌများနှင့် အလုပ်အမှုဆောင်များ၊ MYEA အသင်းသားများနှင့် ဖိတ်ကြားထားသော အထူးဧည့်သည်တော်ကြီးများ စုံညီစွာ တက်ရောက်ချီးမြှင့်ခဲ့ကြပါသည်။
နှစ်ပတ်လည် အစည်းအဝေးပွဲ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း မှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) မှ ဒုဥက္ကဌ ဒေါက်တာ ဝင်းစည်သူ မှ အမှာစကား ပြောကြားပေးပြီး မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA) ဥက္ကဌ ဒေါ်သင်းသင်းကျော် မှ နှုတ်ခွန်းဆက် အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် အထွေထွေအတွင်းရေးမှူး ဒေါက်တာ အောင်မြတ်လွင်မှ နှစ်ပတ်လည်အစီရင်ခံစာကို ဖတ်ကြားတင်ပြပြီး သဘောထားခံယူခဲ့ပါသည်။ ဆက်လက်၍ May & Partners Audit Firm မှ မမေသူလှိုင်မှ ဘဏ္ဍာရေးရှင်းတမ်းကို ဖတ်ကြားတင်ပြခဲ့ပါသည်။ အခမ်းအနားကို MYEA ဒုတိယဥက္ကဌ ဒေါက်တာ သီသီခိုင် မှ ကျေးဇူးတင်စကား ပြောကြားခြင်းဖြင့် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပြီး၊ တက်ရောက်လာကြသော ဖိတ်ကြားထားသည့် အထူးဧည့်သည်တော်များနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။
ဒသမအကြိမ်မြောက် မြန်မာနိုင်ငံစွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၏ နှစ်ပတ်လည်အသင်းသားစုံညီအစည်းအဝေးပွဲကို အဘက်ဘက်မှ ပါဝင်ကူညီပံ့ပိုးပေးကြသော Main Sponsor, Diamond Sponsors, Platinum Sponsors, Gold Sponsors နှင့် Silver Sponsors ကုမ္ပဏီမိတ်ဖက်များအား ကျေးဇူးအထူးတင်ရှိပါကြောင်းမှတ်တမ်းတင်အပ်ပါသည်။