မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA) မှ ပြည်တွင်းတွင်National Organizer အဖြစ် ပထမဦးဆုံးအကြိမ် စီစဉ် ကျင်းပသည့် Entrepreneurship World Cup ပြိုင်ပွဲ၏ “MYANMAR NATIONAL GRAND FINAL” အခမ်းအနားအား ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၂၉) ရက်နေ့က Esperado Lake View Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ယင်းအခမ်းအနားအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 နှင့်ပတ်သက် သည့်လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျဆောင်ရွက်ခဲ့ပါသည်။
အခမ်းအနားသို့ တက်ရောက်ချီးမြှင့်ပြီးNational Judge များအဖြစ် ဆောင်ရွက်ပေးခဲ့ပါသော ဦးဝေဖြိုး (Managing Director, Yatha Cho Industry Limited)၊ ဦးဇော်လင်းအောင် (Senior Managing Director, KBZ Bank Limited)၊ ဦးဇေယျသူရမွန် (Chairman & CEO, RGK+Z&A Group)နှင့် ဦးရည်လတ်အေး (Deputy Chair (MPE&VCA)Director/COO, Delta Capital Myanmar)၊ အဖွင့် အမှာစကားပြောကြားပေးခဲ့ပါသော MYEA ၏ဥက္ကဋ္ဌ ဒေါက်တာအောင် သူရ၊ အခမ်းအနားသို့တက်ရောက်ခဲ့ကြပါသော MYEA စီမံခန့်ခွဲရေး ကော်မတီမှတာဝန်ရှိသူအချို့၊ ညီနောင်တိုင်း/ပြည်နယ်အသင်းမှတာဝန် ရှိသူအချို့ နှင့်Diamond Sponsor- KBZ Bank, Gold Sponsor – Apache Cement, Silver Sponsor – Supreme Group of Companies, Media Partner – 7Day TV, Venue Sponsor – Esperado Lake View Hotel တို့မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲသို့လူကိုယ်တိုင်လာရောက်ယှဉ်ပြိုင်ခဲ့သည့် Short Listed Applicants များနှင့် Zoom Webinar မှတစ်ဆင့် ဝင်ရောက်ယှဉ် ပြိုင်ခဲ့သည့်Short Listed Applicants များ၊ Zoom Webinar မှတစ်ဆင့် တက်ရောက်ပေးခဲ့ကြပါသော မိတ်ဖက်အဖွဲ့အစည်းများ၊ တိုင်း/ပြည်နယ်လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းများမှ အသင်းသားများ၊MYEA(CEC/EC)များ၊ အသင်းသားများနှင့် အခမ်းအနားဖြစ်မြောက်အောင် ဝိုင်း ဝန်းကူညီပံ့ပိုးသူများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
ထို့အပြင် National Grand Final မတိုင်မီ National Organizer မှတာဝန်ယူဆောင်ရွက်ရသည့် EWC Accelerated -1 Program များတွင်Rehearsal Judgeများအဖြစ် အားဖြည့်ပါဝင်ကူညီပေးခဲ့ပါသော Dr.အောင်သူရ (President, MYEA)၊ ဒေါ်အေးမြတ်မြတ်သူ (Vice President, MYEA)၊ ဦးဝင်းထက်မောင် မောင် (Secretary General, MYEA)နှင့် ဦးသန်းထိုက်လွင် (President, YRYEA), Pitch Deck Trainer များအဖြစ် ကူညီဆောင်ရွက်ပေးခဲ့ပါသော ဦးဖြိုးဝေခိုင် (EC, YRYEA), ဦးစိုးမိုးသန်း (Member, YRYEA)၊ ဦးထက်အာကာစိုး (Startup Coach)နှင့်Finance Fundamental Trainer – ဦးမင်းဟန်ထွန်း ,CFA (Academic Director/Co-Founder, Matrix Institute of Professionals), Screening and Round-1 Judges များအဖြစ် ပါဝင်ကူညီဆောင်ရွက်ခဲ့ပါသော Dr.မေပြည့်စုံကြွယ် (Joint Secretary, MYEA)၊ ဒေါ်ခိုင်ခိုင်လင်း (Chair – ED Committee, MYEA)နှင့် ဒေါ်မေစိုပြေဉာဏ် ,CFA (Chair – AF Committee, MYEA)တို့အားလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် အပ်ပါသည်။