ပုဂ္ဂလိကစီးပွားရေးကဏ္ဍဍကို ဖွံ့ဖြိုးတိုးတက်လာစေပြီး အမျိုးသားစီးပွားရေးကဏ္ဍဍ နှင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်ရန်အတွက် ဦးဆောင်စည်းရုံးပေးနိုင်ရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ကို ၁၉၈၉ခုနှစ်တွင် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ လုပ်ငန်းအလိုက် အသင်းအဖွဲ့များကို ဦးဆောင်၍ ထပ်မံဖွဲ့စည်းပေးခဲ့ပါသည်။ အာဆီယံ တရုတ်လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းကြီး ASEAN-CHINA YOUNG ENTREPRENEURS ASSOCIATION ( ACYEA ) တည်ထောင်ရေးတွင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအဖြစ် ပါဝင်နိုင်ရန် တရုတ်ပြည့်သူ့ သမ္မတနိုင်ငံ နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ လူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်များ အသင်းများက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်အား အဆိုပြုလာပါသဖြင့် အသင်းချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် လူငယ်များအတွင်းစီးပွားရေးလုပ်ငန်းများ စွန့်ဦးတီထွင်လုပ်နိုင်လာအောင် အားပေးကူညီရေး၊ အခြားပြည်ပနိုင်ငံများရှိ လူငယ်စွန့်ဦးတီထွင်စီးပွားရေး လုပ်ငန်းရှင်များနှင့် အဆက် အသွယ်ကောင်းများ ချိတ်ဆက်ရယူနိုင်ရေး၊ စီးပွားရေးလုပ်ငန်းများပူးပေါင်း ဆောင်ရွက်နိုင်ရေးတို့အတွက် မြန်မာနိုင်ငံလူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်များအဖွဲ့ Myanmar Young Entrepreneurs Group( MYEA ) ကို ၂၀ဝ၉ ခုနှစ်၊ နိုဝင်ဘာလတွင် အလုပ်အမှုဆောင် ( ၄၅ ) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။
ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ မြန်မာနိုင်ငံစွန့်ဦးတီထွင်လုပ်ငန်းရှင်များအဖွဲ့ကို အသင်းအဖြစ်သို့ ပြောင်းလဲ ဖွဲ့စည်းရန်အတွက် ၂၀၁၁ခုနှစ် စက်တင်ဘာလတွင် ကျင်းပသည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုအသင်းချုပ် ဗဟိုအလုပ်အမှုဆောင်နှင့် အလုပ်အမှုဆောင် အဖွဲ့ ပူးတွဲ အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ပြီး သက်ဆိုင်ရာသို့ လျှောက်ထားခဲ့ရာ ၂၀၁၂ ခုနှစ် ဇွန်လ (၂၉) ရက်နေ့တွင် မြန်မာနိုင်ငံ ကုမ္မဏီ များ အက်ဥပဒေ် ပုဒ်မ ၂၆ အရ အမြတ်အစွန်း ခွဲဝေခွင့် မရှိသော အသင်းအဖြစ်သို့ မှတ်ပုံတင်ခွင့် ရရှိခဲ့ပါသည်
မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းအနေဖြင့် သင်းဖွဲ့မှတ်တမ်း၊ သင်းဖွဲ့ စည်းမျဉ်းများ နှင့် အညီ အသင်း၏လုပ်ငန်းကိစ္စ အဝဝကို ဆောင်ရွက်နိုင်ရန် (၂၀၁၂ – ၂၀၁၄ ) သက်တမ်းအတွက် အလုပ်အမှုဆောင်အဖွဲ့ ကို ၁.၈.၂၀၁၂ ရက်နေ့တွင် ရွေးချယ်ပြီး ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနသို့ တင်ပြ၍ ဖွဲ့စည်းခဲ့ပါသည်
အသင်း၏ရည်ရွယ်ချက်များနှင့်အညီ ပြည်တွင်း၊ပြည်ပရှိ လူငယ်စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များနှင့် အဆက်အသွယ်ကောင်းများ ချိတ်ဆက်ရယူပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက် အောက်ဖော်ပြပါဟော ပြောပွဲများ၊ ဆွေးနွေးပွဲများ၊ အစည်းအဝေးများနှင့် သင်တန်းများ တက်ရောက်စေခြင်း များကို ဆောင်ရွက်ခဲ့ပါသည်။