MYEA Member Portal မှတစ်ဆင့် Online Member Registration ပြုလုပ်နိုင်

      

မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA) ကို အသင်းဝင်ရောက်လိုတဲ့ အသက် (၁၈နှစ်မှ ၄၅)နှစ် အတွင်းရှိ လူငယ် စွန့်ဦးတီထွင်ရှင်များ၊ လုပ်ငန်းရှင်များ၊ လခစားဝန်ထမ်းများပါမကျန် အွန်လိုင်းမှတစ်ဆင့် လွယ်လင့်တကူ အသင်းဝင်နိုင်ရန်အတွက် MYEA Member Portal ကို အသုံးပြုဝင်ရောက်နိုင်သည့် link အား စတင် အသုံးပြုနိုင်ပြီဖြစ်ပါသည်။

             MYEA Member Portal အသုံးပြုပုံ အဆင့်ဆင့်ကို အောက်ပါ အတိုင်း တစ်ဆင့်ချင်း အသုံးပြုနိုင်ပါသည်။

 

🔴 အဆင့် (၁) MYEA Official Website ဖြစ် သည့် www.myea.org.mm ရဲ့ ထိပ်ဆုံးနေရာက (Sign Up Now) ကို Click နှိပ်ပြီး ဝင်ရောက်ခြင်း၊ သို့မဟုတ် https://member.myea.org.mm/Flogin မှ တိုက်ရိုက် လွယ်ကူစွာဝင်ရောက်နိုင်ပါသည်။

 

 

 

 

🔴 အဆင့်(၂) မိမိရဲ့ ဖုန်းနံပါတ်နဲ့အတူ မိမိကြိုက်နှစ်သက်တဲ့ password တစ်ခုကို ဖန်တီးပြီး Account တည်ဆောက်ရမှာဖြစ်ပါတယ်။

 

 

 

 

🔴 အဆင့်(၃) မိမိရဲ့ဖုန်း (SMS Message) အတွင်းသို့ Validate OTP (One Time Password) ကို ပေးပို့မှာဖြစ်ပါသည်။ ထို့နောက် ထိုပေးပို့ထားသည့် နံပါတ်ကို
ထည့်သွင်းပေးရမှာ ဖြစ်ပါသည်။

 

 

 

 

 

🔴 အဆင့် (၄) ယခု Pop-up box ကျလာလျှင် confirm လုပ်ပေးရပါမည်။

 

 

 

 

🔴အဆင့် (၅) အသင်းသို့ မိမိဝင်ရောက်လိုတဲ့ Membership Type နဲ့ Region (ဝင်ရောက်လိုတဲ့အသင်း) တွေကို ရွေးချယ်ရမှာဖြစ်ပါသည်။။ အကယ်၍ သင်က Yangon Region ကိုရွေးချယ်ခဲ့ပါက ရန်ကုန်တိုင်း ဒေသကြီးလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (YRYEA) အသင်းဝင် ဖြစ်ပါသည်။
Mandalay Region ကိုရွေးချယ်ခဲ့ပါက မန္တလေး တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MRYEA) အသင်းဝင် ဖြစ်ပါသည်။
အသင်းဝင်များအနေဖြင့် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင် များအသင်း (MYEA) နှင့် မိမိအသင်းဝင်ထားသည့် သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း နှစ်ခုစလုံးတွင် Dual Member အဖြစ် ရရှိမည်ဖြစ်ပြီး အသင်းဝင်တစ်ယောက်အနေဖြင့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါသည်။

 

 

 

 

🔴အဆင့် (၆) မှာတော့ သင်ရွေးချယ်ခဲ့တဲ့ Regional Association ထဲမှာ သင်ရောက်ရှိနေပြီဖြစ်ကြောင်း ဖော်ပြပေးထားခြင်းဖြစ်ပါသည်။

 

 

 

 

🔴အဆင့် (၇) သည် မဖြစ်မနေ ထည့်သွင်းရမည့် အနီရောင်အချက်ပြ လေးတွေဖြစ်ပြီး သင့်အမည်၊ Profile Picture တို့ကို ထည့်သွင်းပေးရပါမည်။

 

 

 

 

🔴အဆင့် (၈) သည်လည်း ချန်လှပ်မထားဘဲ ထည့်သွင်းပေးရမယ့် အချက်အလက်ဖြစ်ပါသည်။

 

 

 

 

🔴အဆင့် (၉) Others Organization/Association for Associate Member ကိုလည်းပဲ ဖြည့်သွင်းပေးရပါမည်။ အခြားသော အသင်းများ၊ အဖွဲ့အစည်းများတွင် ဝင်ရောက်ထားပါက ဖော်ပြပေးဖို့လိုအပ်တာဖြစ်ပါသည်။

 

 

 

 

🔴အဆင့် (၁၀) ကတော့ သင့်ရဲ့ ထင်မြင်ယူဆချက်တွေနဲ့ အသင်းကို ဘာကြောင့်ဝင်ရောက်လိုတာလဲ မေးခွန်းလေးတွေ ဖြေပေးရမှာ ဖြစ်ပါတယ်။

 

 

 

 

🔴အဆင့် (၁၁) တွင် Pop up window ကျရောက်လာပါမည်။ ထို့နောက် Confirm Button ကို နှိပ်ပေးရမှာဖြစ်ပါသည်။

 

 

 

 

🔴 အဆင့် (၁၂) ယခုခြေအနေသည် သင်ရဲ့ အသင်းဝင်မှတ်ပုံတင်ခြင်းအဆင့်ဆင့် ပြီးစီးသည့် အခြေအနေဖြစ်ပါပြီး အသင်းဘက်မှ သင့်ရဲ့ Online Registration ထံမှ အချက်အလက်များကို စစ်ပေးပြီးနောက် ပြည့်စုံမှန်ကန်ပါက MYEA ဘက်မှ Approve လုပ်ပေးမှာဖြစ်ပါသည်။

 

 

 

 

အသင်းရုံးမှ သင့်ရဲ့ Registration အား အတည်ပြုပေးပြီးပါက သင့်ရဲ့ဖုန်း SMS သို့ “Your membership process is almost finish. Please make a payment” စာတိုရောက်ရှိလာပါမည်။ အသင်းဝင်ကြေးပေးသွင်းရန်လိုအပ်ပြီး သင်ရွေးချယ်ထားတဲ့ အသင်းဝင်အမျိုးအစားအလိုက် အသင်းဝင်ကြေးအား ပေးသွင်းပြီးနောက် MYEA Member Portal ထဲကို အလိုအလျောက်ရောက်ရှိသွားကာ MYEA Work Place Platform မှာလည်း သင့်နာမည်နဲ့ Account တစ်ခုကို အခမဲ့ရရှိပါမည်။

Member Portal အသုံးပြုရာတွင် လိုအပ်ချက်များရှိပါက ဆက်သွယ်စုံစမ်းမေးမြန်းရန်
MYEA Office No.29, Level 11, UMFCCI Tower, Min Yae Kyaw Swar Street, Lanmadaw, Yangon, Myanmar.
(+95-1) 230-1573, 230-1867