မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း(MYEA)မှ လူငယ်စွန့်ဦးတီ ထွင် လုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခိုင်မာသော Entrepreneurship Ecosystem ကို တည်ဆောက်ရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းလျှက်ရှိရာ ယခုအခါ အမေရိကန် အခြေ စိုက် Center for International Private Enterprise (CIPE) နှင့် ပူးပေါင်း၍ အသင်း၏ အနာဂတ်အတွက် လွန်စွာအရေးပါသော ဖွဲ့စည်းပုံ ပိုမိုခိုင်မာရေးနှင့် အသင်းသားများအတွက် ပိုမိုအကျိုးရှိစွာ အထောက်အပံ့ပေးနိုင်ရေးတို့အတွက် ရည်ရွယ်သည့် Project ကို စတင်လုပ်ဆောင်လျှက်ရှိပါသည်။
ယခု Project အတွက် CIPE အနေဖြင့် အသင်းသားများထံမှ MYEA အသင်းကြီး နှင့် ပတ်သက်သည့် ထင်မြင်ယူဆချက်များ၊ ရှေ့ရှုဆောင်ရွက်ချက်များကို ပိုမိုသိရှိ နားလည်နိုင် စေရန် ဖေဖော်ဝါရီလ ၁၉၊ ၂၀၊ ၂၁၊ ၂၂ ရက်များက CIPE Diagnosis Meetings များကို UMFCCI, 11 လွှာ၊ MYEA Office အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးများသို့ MYEA ၏ စီမံခန့်ခွဲမှုကော်မတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များ၊ ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ ညီနောင် တိုင်း/ပြည်နယ် အသင်းများမှ တာဝန်ရှိသူများ၊ အသင်းဝင် များ၊ MYEA Office မှ ရုံးအဖွဲ့ဝင်များ နှင့် CIPE မှတာဝန်ရှိသူတို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။
CIPE Background
CIPE သည် 1983 တွင် အမေရိကန်သမ္မတ ရော်နယ်ရီဂင် (Ronald Reagan) ကဖွဲ့စည်းတည်ထောင်ခဲ့ပြီး National Endowment for Democracy ၏အဓိက institute တစ်ခုဖြစ်ကာ U.S Chamber of Commerce ၏ affiliate တစ်ခုလည်းဖြစ် ပါသည်။ အမေရိကန်အခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်သော CIPE သည် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်လာရေးနှင့် ကောင်းမွန်သည့် ပတ်ဝန်းကျင် ဖန်တီးပေးရေးကို အဓိကထား သည့် အဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။ CIPE သည် Democratic Governance , Entrepreneurship, open trade ,Corruption တို့ကိုအဓိကထားပြီး ဒေသအလိုက် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြောင်းလဲမှုများ ဖြစ်ပေါ်လာရန် ကြိုးပမ်းလျှက်ရှိကာ လက်ရှိတွင် CIPE သည်နိုင်ငံပေါင်း 50 ကျော်၌ project ပေါင်း 150 ကျော်ကို ဆောင်ရွက်လျှက်ရှိနေပါသည်။
#MYEA (ြမန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း)