2018 China – ASEAN Economic and Trade Cooperation Activity သို့တက်ရောက်ရန် စတင်ထွက်ခွာ

မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA)မှ ဒုဥက္ကဌ ဦးဇော်နိုင်သိန်း ဦးဆောင်သော အဖွဲ့ဝင် (13)ဦးသည် China Young Entrepreneurs’ Association ၏ဖိတ်ကြားမှုဖြင့် စက်တင်ဘာ 25 ရက်နေ့မှ 29 ရက်နေ့အထိ Fangchenggang city, Guangxi Zhuang Autonomous Region တွင် ကျင်းပပြုလုပ်မည့် 2018 China – ASEAN Economic and Trade Cooperation Activity သို့ တက်ရောက်ရန် စက်တင်ဘာလ 24 ရက်နေ့ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင်ထွက်ခွာကြရာ ဥက္ကဌ ဦးထွန်းထွန်းနိုင် ဦးဆောင်သော တာဝန်ရှိသူများမှ လိုက်ပါပို့ဆောင်ကြပါသည်။