စက်တင်ဘာ (၇) ရက်နေ ့၊ နံနက် (၁၀) နာရီတွင် မွန်ပြည်နယ် အစိုးရအဖွဲ ့ရုံး၊ ဧည့်ခန်းမ၌ မွန်ပြည်နယ် အတွင်းရှိ ရေဘေးသင့် ပြည်သူများအတွက် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA) မှ အလှူငွေ သွားရောက် လှူဒါန်းခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဒေါက်တာအေးဇံ နှင့် မွန်ပြည်နယ်လွှတ်တော် ဥက္ကဌ ဒေါ်တင်အိ တို ့မှ ရေဘေးသင့်ခံရသည့် မြို ့နယ်၊ ကျေးရွာ များ၏ အခြေအနေနှင့် လက်ရှိအစိုးရအဖွဲ ့နှင့် လူမှုရေး အသင်းအဖွဲ ့များ၏ ဆောင်ရွက်ပေးနေမှု အခြေအနေများအား ပြောကြားခဲ့သည်။ ထို ့နောက် မြန်မာနိုင်ငံလူငယ်စွန် ့ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA) မှ အလှူငွေကျပ် (၅၇)သိန်း၊ Supreme Group မှ အလှူငွေကျပ် (၁၅)သိန်း၊ စုစုပေါင်း အလှူငွေကျပ် (၇၂)သိန်းအား ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ်နှင့် လွှတ်တော် ဥက္ကဌတို့က လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ယင်းနောက် MYEA ဒုဥက္ကဌ ဦးဇော်နိုင်သိန်း မှ လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်နှင့် မြန်မာနိုင်ငံလူငယ်စွန် ့ဦးတီထွင်လုပ်ငန်းရှင် များအသင်း (MYEA) နှင့် မွန်ပြည်နယ် MSYEA တို ့၏ လုပ်ငန်းဆောင်ရွက်မှုတို ့အား ရှင်းလင်းတင်ပြခဲ့ရာ၊ ဝန်ကြီးချုပ်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ သည်။ အခမ်းအနားသို ့ဝန်ကြီးချုပ်၊ လွှတ်တော် ဥက္ကဌ နှင့် ဝန်ကြီးများ၊ MYEA ဒုဥက္ကဌ ဦးဇော်နိုင်သိန်း၊ အထွေထွေအတွင်းရေးမှူး၊ အလုပ်အမှုဆောင်များ၊ မွန်ပြည်နယ် MSYEA နှင့် ဧရာဝတီတိုင်း ARYEA မှ ဥက္ကဌများ၊ အမှုဆောင်များ တက်ရောက် ခဲ့ကြပါသည်။