“Online Member Registration @ MYEA Member Portal”

 

မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA) ကို အသင်းဝင်ရောက်လိုတဲ့ အသက် (၁၈နှစ်မှ ၄၅)နှစ် အတွင်းရှိ လူငယ် စွန့်ဦးတီထွင်ရှင်များ၊ လုပ်ငန်းရှင်များ၊ ဝန်ထမ်းများပါမကျန် အွန်လိုင်းမှတစ်ဆင့် လွယ်လင့်တကူ အသင်းဝင်နိုင်ရန်အတွက် MYEA Member Portal ကို အသုံးပြုဝင်ရောက်နိုင်ပါတယ်။

Registration Link : https://member.myea.org.mm/Flogin

  • MYEA Member Portal အသုံးပြုပုံ အဆင့်ဆင့်ကို အောက်ပါ Video တွင် အကျဉ်းချုပ် ဖော်ပြပေးထားပါတယ်။
  • Online Registration ထံမှ အချက်အလက်များကို စစ်ပေးပြီးနောက် ပြည့်စုံမှန်ကန်ပါက MYEA အသင်းရုံးမှ Approve လုပ်ပေးမှာဖြစ်ပါတယ်။
  • အသင်းရုံးမှ သင့်ရဲ့ Registration အား အတည်ပြုပေးပြီးပါက သင့်ရဲ့ဖုန်း SMS သို့ “Your membership process is almost finish. Please make a payment” စာတိုရောက်ရှိလာမှာဖြစ်ပါတယ်။ အသင်းဝင်ကြေးပေးသွင်းရန်လိုအပ်ပြီဖြစ်ပါတယ်။
  • ရွေးချယ်လျှောက်ထားတဲ့ အသင်းဝင်အမျိုးအစားအလိုက် အသင်းဝင်ကြေးအား ပေးသွင်းပြီးနောက် MYEA Member Portal ထဲကို အလိုအလျောက်ရောက်ရှိသွားပြီး MYEA Work Place Platform မှာလည်း သင့်နာမည်နဲ့ Account တစ်ခုကို အခမဲ့ရရှိမှာလည်းဖြစ်ပါတယ်။

Member Portal အသုံးပြုရာတွင် လိုအပ်ချက်များရှိပါက ဆက်သွယ်စုံစမ်းမေးမြန်းရန်

MYEA Office No.29, Level 11, UMFCCI Tower, Min Yae Kyaw Swar Street, Lanmadaw, Yangon, Myanmar.

(+95-1) 230-1573, 230-1867

Website : https://myea.org.mm

#MYEA_Online_Member_Registration