“Entrepreneurship World Cup 2020″ ပြိုင်ပွဲ အား National Organizer အဖြစ် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA) မှ စီစဉ်ကျင်းပမည်

Entrepreneurship Worldcup 2020_Myanmar National Organizer (MYEA)
🏆🏆🏆🏆🏆🏆🏆🏆🏆🏆🏆🏆

“Entrepreneurship World Cup 2020″ ပြိုင်ပွဲ အား National Organizer အဖြစ် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA) မှ စီစဉ်ကျင်းပမည်

🔵 မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း(MYEA) မှ စွန့်ဦးတီထွင် လုပ်ငန်းရှင်များ ပိုမို တိုးတက်စေရန်နှင့်နိုင်ငံတကာအတွေ့အကြုံများရရှိပြီး ပိုမိုအောင်မြင်သောလုပ်ငန်းရှင်များ ပေါ်ထွန်းလာစေ ရန် ရည်ရွယ်၍ “Entrepreneurship World Cup 2020″ ပြိုင်ပွဲကို Myanmar National Organizer အဖြစ် စီစဉ်ကျင်းပသွားမည်ဖြစ်ပါသည်။ အဆိုပါပြိုင်ပွဲတွင် ပါ၀င်ယှဉ်ပြိုင်လိုသည့် ပြည်တွင်းရှိစွန့်ဦးတီထွင် လုပ်ငန်းရှင်များအနေဖြင့် EWC Official Website Online Application (https://signup.entrepreneurshipworldcup.com/ewc/signup) မှတစ်ဆင့် ဩဂုတ်လ (၂) ရက်နေ့ နောက်ဆုံးထားပြီး ဝင်ရောက်လျှောက်ထားနိုင်ပါသည်။

🔵 EWC 2020 သို့ မြန်မာနိုင်ငံမှ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ အနေဖြင့် category (၃) မျိုးဖြင့် ဝင်ရောက် ယှဉ်ပြိုင်နိုင်မည်ဖြစ်ပါသည်။
1. Idea Stage
2. Early Stage
3. Growth Stage

🔵 လျှောက်ထားသူများထဲမှ ရွေးချယ်ခံရသည့် Shortlisted applicants များကို MYEA မှ Accelerate-1 Program အနေဖြင့် Pitching, Training နှင့် mentoring များအား ပြုလုပ်ဆောင်ရွက်ပေးမည်ဖြစ်ပြီး ဩဂုတ်လ ဒုတိယပတ်တွင် အောင်မြင်နေသော လုပ်ငန်းရှင်၊ ပညာရှင် ဒိုင်လူကြီးများ က National Pitching ပြုလုပ်ကာ National Winner ကိုစိစစ်ရွေးချယ်သွားပါမည်။

🔵 National Winner ရရှိသူအား MYEA မှ ဆုငွေကျပ် (၁၅) သိန်း ချီးမြှင့်ပေးမည်ဖြစ်ပြီး Global EWC 2020 Top 100 ရွေးချယ်ပွဲသို့ Global finalist အဖြစ် မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။

🔵 Global finalist များ အား Global EWC မှ Accelerate-2 Program အနေဖြင့် Virtual Training Sessions များ၊ One to one Mentor program များပြုလုပ်ပြင်ဆင်ပေးပြီးနောက် Global EWC 2020 Top 100 ကို ထပ်မံရွေး ချယ်သွားမည်ဖြစ်ပြီး Global Finals အား ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ (၁၈၊ ၁၉) ရက်နေ့များတွင် Riyadh, Saudi Arabia တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

Global EWC 2020 Top 100 များထဲမှ အောက်ဖော်ပြပါ ဆုအမျိုးအစားများကိုလည်း ရွေးချယ်ချီးမြှင့်သွားမည်ဖြစ်သည်။

🏅🏅🏅🏅🏅🏅🏅🏅🏅🏅
🥇Grand Prize Champion : $500,000
🥈2nd Place Winner : $250,000
🥉3rd Place Winner : $100,000

Three Stage Champions
🔷 Idea Stage: $50,000
🔷 Early Stage: $50,000
🔷 Growth Stage: $50,000

Special Prize:
🎖 Social Enterprise: $50,000

EWC Service Awards:
🎖 One hundred (100) awards of in-kind services valued at $700,000 each

🚫 EWC 2020 ပြိုင်ပွဲတွင် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းချုပ်မှ စီမံခန့်ခွဲရေးကော်မတီဝင်များနှင့် MYEA ၏ EWC စီစစ်ရွေးချယ်ရေးအဖွဲ့ဝင်များ ပါဝင်ယှဉ်ပြိုင်ခြင်းအား ခွင့်မပြုဘဲ ကန့်သတ်ချက်အနေဖြင့် ပိတ်ပင်ထားပါသည်။🚫

🔵 EWC 2020 အကြောင်းအသေးစိတ်သိရှိလိုပါက https://entrepreneurshipworldcup.com/ တွင် လည်း ၀င်ရောက်ကြည့်ရှုနိုင်ပြီး MYEA Office (Hot Line) 01-2301573, 2301867, 09765000719 တို့အားလည်း ဆက်သွယ်စုံစမ်းနိင်ပါသည်။

🔵 Diamond Sponsor – KBZ Bank Limited

🔸 Gold Sponsor – Apache Cement
🔘 Silver Sponsor – Supreme Group

🟢 Official Media Partner – 7Day TV

2️⃣2️⃣
လျှောက်ထားရန် –

Online Form ကိုအောက်ပါ EWC Official Online Application Link တွင် လျှောက်ထားနိုင်ပါသည်။

https://signup.entrepreneurshipworldcup.com/ewc/signup

#EntrepreneurshipWorldCup #EWC2020 #EWC_MMR

မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း(MYEA)