၂၀၁၈ အောက်တိုဘာလ ၄ရက်နေ့ တွင် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း(MYEA) မှ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များနှင့် လူငယ်များအကြား အသိပညာဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတွင် တစ်ဖက်တစ်လမ်းမှအကျိုးပြုနိုင်ရန် အတွက် ရည်ရွယ်၍ ပူးပေါင်းဆောင်ရွက်နိုင်ရန် YTV Channel (My Multimedia Group), Fortune TV Channel တို့နှင့် နှစ်ဖက်သဘောတူ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို Novotel Hotel Yangon တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါပွဲသို့ MYEA မှ ဥက္ကဌ ဦးထွန်းထွန်းနိုင် နှင့် တာဝန်ရှိသူများ၊ Public Relations Committee ဥက္ကဌ Dr.သဲမြတ်စိုးနှင့် တာဝန်ရှိသူများ၊ YTV Channel, Fortune TV Channel တို့မှ တာဝန်ရှိသူများ တက်ရောက်လက်မှတ်ရေးထိုးခဲ့ကြပါသည်။