စက်တင်ဘာလ ၁၃ရက်နေ့တွင် Hong Kong Trade Development Councilမှ ဒါရိုက်တာတစ်ဦးဖြစ်သော Mr. Sanny Chau ဦးဆောင်သော အဖွဲ့သည် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA) သို့ လာရောက်တွေ့ဆုံရာ တာဝန်ရှိသူများမှ MYEA အသင်းရုံး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ International Relations Committee ၏ Secretary – Dr.အောင်မြတ်လွင်မှ MYEA အသင်း၏ ရည်ရွယ်ချက် နှင့် လက်ရှိလုပ်ဆောင်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့် ပတ်သက်၍ အပြန်အလှန် မေးမြန်းဆွေးနွေး ခဲ့ကြပါသည်။