စက်တင်ဘာလ (၇)ရက်နေ့၊ နေ့လည်(၃)နာရီ အချိန်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့သို့ မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA)မှ အလှူငွေကျပ်(၅၅)သိန်း၊ Strategy First Institute နှင့်Myanmar Indobest Company တို့မှ အလှူငွေကျပ်(၁၀)သိန်းစီ၊ စုစုပေါင်းအလှူငွေကျပ် (၇၅)သိန်းအား ပေးအပ်လှူဒါန်းရာ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ဝန်ကြီးများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ယင်းနောက် MYEA ဒုဥက္ကဌ(၁) ဦးဇော်နိူင်သိန်းမှ လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်နှင့် မြန်မာနိုင်ငံလူငယ် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း(MYEA)၏ လုပ်ငန်းဆောင်ရွက်မှု၊ ကရင်ပြည်နယ်အသင်း ဖွဲ့စည်းဆောင်ရွက်နေမှုတို့အား ရှင်းလင်းတင်ပြခဲ့ရာ၊ ဝန်ကြီးချုပ်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ပါသည်။ အခမ်းအနားသို့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ MYEA ဒုဥက္ကဌ ဦးဇော်နိူင်သိန်း၊ အထွေထွေအတွင်းရေးမှုး၊ အလုပ်အမှုဆောင်များ၊ မွန်ပြည်နယ် (MSYEA) နှင့် ဧရာဝတီတိုင်း (ARYEA) မှ ဥက္ကဌများ၊ အမှုဆောင်များ၊ ကရင်ပြည်နယ်အသင်းဖြစ်မြောက်ရေး ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။ ထို့နောက် MYEA အဖွဲ့သည် ဝန်ကြီးချုပ်နှင့်အတူ ရေဘေးသင့်ကယ်ဆယ်ရေးစခန်း များသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်း ခဲ့ကြပါသည်။