မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၏ ဝါဆိုသင်္ကန်းကပ် အလှူမင်္ဂလာကို Aug 23ရက်နေ့ မနက်(10:00)နာရီ အချိန်တွင် UMFCCI, 11လွှာရှိ MYEA အသင်းရုံး၌ ကျင်းပပြုလုပ်ခဲ့ပြီး ပင့်သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုအစုစုတို့ဖြင့် ဆက်ကပ်လှူဒါန်းကာ ပရိတ်တရားနာကြားခြင်း၊ အလှူရေစက်ချအမျှပေးဝေခြင်းများပြုလုပ်ခဲ့ပါသည်။ ထို့နောက် ကြွရောက်လာကြသော ဧည့်ပရိတ်သတ်များအား အကျွေးအမွေးများဖြင့်တည်ခင်းဧည့်ခံခဲ့ပါသည်။