မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA) ၏
လစဉ်ကျင်းပပြုလုပ်နေကျဖြစ်သည့် ဗဟိုအလုပ်အမှုဆောင်၊ အမှုဆောင် နှင့် အသင်း၏ ကော်မတီများအစည်းအဝေးကို ပြီးခဲ့သည့် မတ်လ (၆)ရက် နေ့က MYEA အသင်းချုပ်အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။
အစည်းအဝေးသို့ အသင်းချုပ်ဥက္ကဋ္ဌ၊ ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှု ဆောင်များနှင့် ကော်မတီအသီးသီးမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အသင်းချုပ်၏ ရှေ့ဆက်ဆောင်ရွက်နေသည့် စီမံကိန်းများနှင့် ကော်မတီအသီးသီး၏ အသင်း အကျိုးပြုလှုပ်ရှားဆောင်ရွက်မှုတင်ပြခြင်းများအား ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးခန်းမအတွင်းသို့ လူကိုယ်တိုင် မတက်ရောက်နိုင်ကြသည့် ဗဟိုအလုပ်အမှုဆောင်၊ အမှုဆောင်နှင့် အသင်း ၏ ကော်မတီအသီးသီးမှ တာဝန်ရှိသူများအတွက် Video Conferencing စီစဉ်ထားရှိပေးထားကာ Video Conferencing ဖြင့်လည်း တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း
#MYEA