Members

မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း တွင် အသင်းဝင်အဖြစ် လျှောက်ထားလို သူများသည် အောက်ဖော်ပြပါ အသင်းသား အမျိုးအစားများကို သေချာစွာ ဖတ်ရှုလ့လာ၍ အသင်းဝင်ခွင့် လျှောက်လွှာအား ပြည့်စုံအောင် ဖြည့်စွက်၍ လျှောက် ထားရန် ဖြစ်ပါသည်။

(1) သာမန်အသင်းသား (Ordinary Member)

•  အသက် (၁၈)နှစ်  မှ  (၄၅)နှစ်အတွင်းဖြစ်ရမည်။
•  လုပ်ငန်းရှင်ဖြစ်ရမည်။

လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်များ

၁။ အသင်းဝင်လုပ်ငန်းရှင်၏ ဓာတ်ပုံ (၁.၅” x ၂”)
၂။ အသင်းဝင်လုပ်ငန်းရှင်၏ နိုင်ငံသားစိစစ်ရေးကဒ်ပြား
၃။ ကုမ္ပဏီ မှတ်ပုံတင် (သို့) သက်ဆိုင်ရာမှ ထုတ်ပေးထားသော လုပ်ငန်းလိုင်စင်
၄။ ပုံစံ ၆/၂၆ (ကုမ္ပဏီ မှတ်ပုံတင် ဖြင့်လျှောက်ထားခဲ့လျှင်)
၅။ သွင်းကုန် ထုတ်ကုန် လိုင်စင် မိတ္တူ (ရှိလျှင်)
၆။ အသင်းဝင်ကြေး ငွေသွင်းချလန် စာရွက်

•  အသင်းဝင်ကြေး-   ၁၀ဝ၀ဝ၀/- (တစ်သိန်းကျပ်)
•  နှစ်စဉ်ကြေး      –    ၃၀ဝ၀ဝ/-   (သုံးသောင်းကျပ်)

(2) တွဲဖက်အသင်းသား (Associate  Member)

•  အသက် (၁၈)နှစ်  မှ (၄၅)နှစ်အတွင်းဖြစ်ရမည်။
•  စီးပွါးရေးနယ်ပယ်တွင်  စွန့်ဦးတီထွင် လုပ်ကိုင် လိုစိတ်ရှိသူဖြစ်ရမည်။

လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်များ

၁။ အသင်းဝင်လုပ်ငန်းရှင်၏ ဓာတ်ပုံ (၁.၅” x ၂”)
၂။ အသင်းဝင်လုပ်ငန်းရှင်၏ နိုင်ငံသားစိစစ်ရေးကဒ်ပြား
၃။ အသင်းဝင်ကြေး ငွေသွင်းချလန် စာရွက်

•  အသင်းဝင်ကြေး –  ၁၀ဝ၀ဝ/- (တစ်သောင်းကျပ်)
•  နှစ်စဉ်ကြေး       –  ၅၀ဝ၀/-   (ငါးထောင်ကျပ်)