" />

Apply Membership Offline

MEMBER

မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း တွင် အသင်းဝင်အဖြစ် လျှောက်ထားလို သူများသည် အောက်ဖော်ပြပါ အသင်းသား အမျိုးအစားများကို သေချာစွာ ဖတ်ရှုလ့လာ၍ အသင်းဝင်ခွင့် လျှောက်လွှာအား ပြည့်စုံအောင် ဖြည့်စွက်၍ လျှောက် ထားရန် ဖြစ်ပါသည်။

(1) သာမန်အသင်းသား (Ordinary Member)
• အသက် (၁၈)နှစ် မှ (၄၅)နှစ်အတွင်းဖြစ်ရမည်။
• လုပ်ငန်းရှင်ဖြစ်ရမည်။

လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်များ

၁။ အသင်းဝင်လုပ်ငန်းရှင်၏ ဓာတ်ပုံ (၁.၅” x ၂”)
၂။ အသင်းဝင်လုပ်ငန်းရှင်၏ နိုင်ငံသားစိစစ်ရေးကဒ်ပြား
၃။ ကုမ္ပဏီ မှတ်ပုံတင် (သို့) သက်ဆိုင်ရာမှ ထုတ်ပေးထားသော လုပ်ငန်းလိုင်စင်
၄။ ပုံစံ ၆/၂၆ (ကုမ္ပဏီ မှတ်ပုံတင် ဖြင့်လျှောက်ထားခဲ့လျှင်)
၅။ သွင်းကုန် ထုတ်ကုန် လိုင်စင် မိတ္တူ (ရှိလျှင်)
၆။ အသင်းဝင်ကြေး ငွေသွင်းချလန် စာရွက်

• အသင်းဝင်ကြေး- ၁၀ဝ၀ဝ၀/- (တစ်သိန်းကျပ်)
• နှစ်စဉ်ကြေး – ၃၀ဝ၀ဝ/- (သုံးသောင်းကျပ်)

(2) တွဲဖက်အသင်းသား(Associate Member)
• အသက် (၁၈)နှစ် မှ (၄၅)နှစ်အတွင်းဖြစ်ရမည်။
• စီးပွါးရေးနယ်ပယ်တွင် စွန့်ဦးတီထွင် လုပ်ကိုင် လိုစိတ်ရှိသူဖြစ်ရမည်။

လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်များ

၁။ အသင်းဝင်လုပ်ငန်းရှင်၏ ဓာတ်ပုံ (၁.၅” x ၂”)
၂။ အသင်းဝင်လုပ်ငန်းရှင်၏ နိုင်ငံသားစိစစ်ရေးကဒ်ပြား
၃။ အသင်းဝင်ကြေး ငွေသွင်းချလန် စာရွက်

• အသင်းဝင်ကြေး – ၁၀ဝ၀ဝ/- (တစ်သောင်းကျပ်)
• နှစ်စဉ်ကြေး – ၅၀ဝ၀/- (ငါးထောင်ကျပ်)

Member Application Form