" />

News

January 30, 2017

စတုတ္ထအကြိမ်မြောက် နှစ်ပါတ်လည် အသင်းသားစုံညီ အစည်းအဝေးကျင်းပမည်။

ခင်မင်ရင်းနှီးစွာ ဖိတ်ကြားအပ်ပါသည်။

မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း၏ စတုတ္ထအကြိမ်မြောက် နှစ်ပါတ်လည် အသင်းသားစုံညီ အစည်းအဝေးကြီးကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသဖြင့် ကြိုတင်စာရင်းပေးသွင်းနိုင်ရန် အသိပေး ဖိတ်ကြားအပ်ပါသည်။

ရည်ရွယ်ချက်
အသင်း၏ စီမံခန့်ခွဲမှုကော်မတီဝင်များ၊ဗဟိုအလုပ်အမှုဆောင်နှင့်အလုပ်အမှုဆောင်များ၊ အသင်းဝင်များ ချစ်ခင်ရင်းနှီးစွာ ဆုံတွေ့နိုင်ရန်နှင့် အသင်းသို့ဝင်ရောက်လိုသူများအားလည်း လက်ကမ်းကြိုဆိုရန် ရည်ရွယ်ပါသည်။

လုပ်ဆောင်ချက်များ
၁။ အသင်း၏ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲလုပ်ငန်းစဉ်များအား တင်ပြခြင်း၊
၂။ ဘဏ္ဏာငွေရယူသုံးစွဲမှုအခြေအနေကို ရှင်းလင်းတင်ပြခြင်း၊
၃။ အသင်း၏ အနာဂတ်လမ်းပြမြေပုံနှင့် ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းစည်းကမ်းအားဖတ်ကြားရှင်းလင်းခြင်း၊
၄။ အသင်း၏ ၂၀၁၇-၂၀၁၉ သက်တမ်းအတွက် အလုပ်အမှုဆောင်သစ်များနှင့် မိတ်ဆက်ပေးခြင်း၊
၅။ “A New Era for Entrepreneurship” ခေါင်းစဉ်ဖြင့် အောင်မြင်နေသောလုပ်ငန်းရှင်ကြီးများမှ ဆွေးနွေးဟောပြောပွဲ။

တက်ရောက်မည့်သူများ
၁။ ပြည်ထောင်စုဝန်ကြီးများ
၂။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ဖိတ်ကြားထားသော သံတမန်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ကုန်သည်ကြီးများနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ
၃။ MYEA အုပ်ချုပ်မှုကော်မတီနှင့် အသင်းဝင်များ

နေ့ရက်။ ။ ၄.၂.၂၀၁၇ (စနေနေ့)
အချိန်။ ။ နေ့လည် ၃:၀၀ မှ ညနေ ၆:၀၀ နာရီအထိ
နေရာ။ ။ Pathein Ballroom, Novotel Hotel Max Yangon

စာရင်းပေးသွင်းခြင်း
ထိုင်ခုံနေရာကန့်သတ်ထားပါသဖြင့် ကြိုတင်စာရင်းပေးသွင်းပါရန် မေတ္တာရပ်ခံအပ်ပါသည်။

စာရင်းပေးသွင်းပုံ – RSVP
အောက်ပါ Link အား နှိပ်ပြီး သင့်၏ အချက်အလက်များကို ရိုက်နှိပ်ပြီး မှတ်ပုံတင်ခြင်း ပြုလုပ်ပါ။
http://myea.org.mm/4th-agm/

အသေးစိတ်စုံစမ်းလိုပါက
– 01-230-1573
– 01-230-1867
– office@myea.org.mm
www.myea.org.mm

Activities, Events, News